အငြိမ်းစား ကျောင်းဆရာမတစ်ဦး၏ ၁၄၄ သိန်းကျော်တန်ဖိုးရှိ ရတနာပစ္စည်းများခိုးယူခံရ

မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံမြို့တွင် အငြိမ်းစားကျောင်းဆရာမ တစဦး၏ ၁၄၄သိန်းကျော် တန်ဘိုးရှိ လက်ဝတ် ရတနာပစ္စည်းများ အော်တိုဘာ ၇ ရက်က ခိုးယူခံလိုက်ရသည်ဟု ရန်ုကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံး က ဆိုထားသည်။

အောက်တိုဘာ ၇ ရက် နံနက် ၉နာရီ ခွဲအချိန်က ရွှေပေါက္ကံမြို့နေ အငြိမ်းစားကျောင်း ဆရာမဒေါ်----သည်
နေအိမ်အားသော့ခက်ပြီး ဈေးသို့သွားကာအလှပြင်နေစဉ်တွင် ဖြစ်ပွားခြင်းဖြစ်သည်။
နေအိမ်နောက်ဖေးတံခါးကို ကလန့်ဖွင့်ထားသဖြင့်အတွင်း၌ ခတ်ထားသောသော့နှင့် ပတ္တာပြုတ်ထွက်ကာ တံခါးပွင့်နေ့သည်ကို တွေ့ရပြီး အိမ်ပေါ်ထပ်ဘုရားခန်းတွင်ထားသော သံသေတ္တာမှာလည်း သော့ကို ဖျက်ဆီး ခံထားရကာ သံသေတ္တာအတွင်းမှ စိန်ရွှေရတနာများပါသည့် လက်ဝတ်ရတနာပစ္စည်းများ ခိုးယူခံထား ရခြင်းဖြစ်သည်။

ပျောက်ဆုံးသွားသော လက်ဝတ်ရတနာပစ္စည်းပေါင်း ၁၃မျိုးခန့်ရှိပြီးတန်ဖိုးအားဖြင့် ကျပ်သိန်း (၁၄၄၅၅၀၀ ၀) ကျပ်ရှိသည်ဟုလည်း ဒေါ်-----က ရဲအား ပြောပြတိုင်တန်းထားသည်။ထို့ကြောင့် ရွှေပေါက္ကံနယ်မြေရဲစခန်း က (ပ)၁၈၆/၂၀၁၃ဖြင့် အမှုဖွင့်ပြီး ခိုးယူသွားသူ ဖမ်းဆီးရမိရေးအတွက် လုပ်ဆောင်လျက်ရှိကြောင်းနှင့် ဖမ်းမိပါက ပုဒ်မ ၃၈၀ ဖြင့် အရေးယူသွားမည်ဟုဆိုထားသည်။

ဇော်ဇော်ထွေး
Mizzima


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ