စက်ရုံဝင်းအတွင်း ၀င်ရောက်မီးရှို့သူအားအရေးယူ

ရန်ကုန်၊ အောက်တိုဘာ ၉

၉.၁၀.၂၀၁၃ရက်နေ့ ၀၉၁၅အချိန်ခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊ ကုန်းတလဘောင်ကျေးရွာ၊ အမှတ် (၃)လမ်းမဘေးရှိ တိုက်ဂါးဘီယာ စက်ရုံဝင်းအတွင်း၌ မီးရှို့မှုဖြစ်ပွားကြောင်း သတင်းအရ ထောက်ကြန့် နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ထောက်ကြန့်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ၎င်းနေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ ရွာသာကြီးစိတ်ရောဂါဆေးရုံ ပြင်ပလူနာဌာနတွင် ဆေးကုသနေသော စိတ်ဝေဒနာရှင် ဇော်မင်းထွန်း၊ (ဘ)ဦးကျော်လွင်၊ ကိုးလုံးကွင်းရပ်ကွက်၊ မှော်ဘီမြို့နယ်နေသူမှ စီးနင်းလာသော KENBO 110 အမျိုးအစား နံပါတ်မပါလိုင်စင်မဲ့ဆိုင်ကယ်အား စက်ရုံဝင်ပေါက်ဂိတ်၊မောင်းတံအောက်မှ ဖြတ်၍ စီးနင်းဝင်ရောက်ကာစက်ရုံအနောက်ဘက်ဘီယာဗူးခွံများထားသော ဂိုဒေါင်အ၀တွင် ဆိုင်ကယ်အားလှဲချပြီး ဆီပိုက်အားဖြုတ်၍ အသင့် ပါလာသော ဂတ်စ်မီးခြစ်ဖြင့် မီးရှို့ခဲ့မှုကြောင့် ဆိုင်ကယ်၏ရှေ့ကာဗာ၊ ထိုင်ခုံကူရှင်နှင့် ၀ါယာကြိုးများ မီးလောင်ကျွမ်းကာ တန်ဘိုး ငွေကျပ်(၃၀၀၀၀)ဆုံးရှုံးခဲ့ပြီး စက်ရုံဝန်ထမ်းများမှ ၀ိုင်းဝင်းငြိမ်းသတ်ခဲ့၍ ၀၉၁၈အချိန်တွင် မီးငြိမ်းသွားခဲ့ပြီး ဘီယာဗူးခွံ (၅၃၄၆)ဗူးဆံ့ထည့်သည့် ကန်(၄)ကန်မှာ မီးသတ်ဆေးဗူးအတွင်းရှိ ကာဗွန်ဒိုင်အောက်ဆိုဒ် အမှုန့်များ၏ ထိတွေ့မှုကြောင့် အမေရိကန်ဒေါ်လာ ၁၆၈၀ တန်ဘိုးရှိ ဘီယာဗူးခွံများပျက်စီးသွားသဖြင့် စက်ရုံရှိပစ္စည်းသိုလှောင်ထားရှိ ရာနေရာအား ဖျက်ဆီးရန်အကြံဖြင့် မီးရှို့ခဲ့သူ ဇော်မင်းထွန်းအား အရေးယူပေးပါရန် စက်ရုံလုံခြုံရေးတာဝန်ခံမှ တိုင်ကြားသဖြင့် ထောက်ကြန့်နယ်မြေ ရဲစခန်း(ပ)၃၇၀/၂၀၁၃၊ ပုဒ်မ ၄၃၆ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ