စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ သံဘိုကျေးရွာတွင် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားမှ ဆိုလာစွမ်းအင် သုံးကာ ဘက်ထရီအိုး အားသွင်းရာမှ လူတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ကြောင်း ခင်ဦးမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ တာဝန်ကျဝန်ထမ်းတစ်ဦးက အောက်တိုဘာလ ၂၁ ရက်က ပြောသည်။
သေဆုံးသူ၏ မိသားစုဝင်များ ပြောပြချက်များအရ အသက် ၂၆နှစ်အရွယ် ကိုမင်းသည် အောက်တိုဘာလ ၁၇ ရက်က ဆိုလာစွမ်းအင်ကိုသုံးကာ ဘက်ထရီအိုးအားသွင်းရန် ချိတ်ဆက်နေစဉ် ဓာတ်လိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
သက်ဆိုင်ရာ၏ စစ်ဆေးချက်များအရ ဓာတ်လိုက်သေဆုံးသူ၏ ဘယ်ဘက်လက်ညှိုးနှင့် လက်ခလယ်တို့အကြား နေရာ၌ အရေပြားဖူးယောင်ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။
ထိုသို့ ဓာတ်လိုက် လူသေဆုံးခြင်းအား ခင်ဦးမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၉/ ၂၀၁၃ အရ အမှုဖွင့် ဆောင်ရွက်နေသည်ဟု သိရသည်။
ယင်းကဲသို့ဖြစ်စဉ်များ ဒေသတွင်း၌ ထပ်မံပေါ်ပေါက်ခြင်း မရှိစေရန် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားများ သုံးစွဲရာတွင် ဓာတ်လိုက်မှု မရှိစေရန် ပညာပေး ဟောပြောမှုများလည်း ပြုလုပ်ခဲ့သည်။
လျှပ်စစ်မီးမရရှိသော နယ်မြို့များတွင် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားများကို အဓိက သုံးစွဲလျက်ရှိ နေသည်။
ကိုတိုးကြီး
Mizzima - News in Burmese
ဆိုလာစွမ်းအင်သုံးကာ ဘက်ထရီအားသွင်းရာမှ ဓာတ်လိုက်သေဆုံး
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
မှုခင်း
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin