မြန်မာနိုင်ငံတွင် အွန်လိုင်းမှ သီချင်းပထမဆုံးရောင်းမည်

ရန်ကုန်၊ အောက်တိုဘာ ၂၁

မြန်မာနိုင်ငံတွင် ပထမဆုံးအွန်လိုင်းမှ သီချင်းရောင်းမည့် ဝက်ဘ်ဆိုက် myanmarmusicstore.com ကို စတင်လွှင့်တင်လိုက်ပြီး မြန်မာတေးသီချင်း များကို တစ်ပုဒ်လျှင် ၃၀၀ ကျပ်နှုန်းဖြင့် ရောင်းချနေပြီ ဖြစ်ကြောင်း အဆိုပါ ဝက်ဘ်ဆိုက် တည်ထောင်ထားသော Legacy Music Network မှ Senior Web Designer ဦးအောင်ဇေယျာမောင်က ပြောကြားသည်။

တေးသီချင်း အသစ်တစ်ပုဒ်လျှင် ၃၀၀ ကျပ်နှင့် တေးအယ်လ်ဘမ်အသစ် တစ်ခွေလျှင် ၁၈၀၀ ကျပ်ဖြင့် ရောင်းချမည် ဖြစ်ပြီး သီချင်းခွေ အဟောင်းများဖြစ်ပါက တစ်ခွေလျှင် ၁၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“နိုင်ငံခြားကနေဝယ်ရင် တစ်ခွေကို ၂ ဒသမ ၉၉ ဒေါ်လာ။ တစ်ပုဒ်ကို ၁ ဒသမ ၄၉ ဒေါ်လာကျမယ်။ Paypal တို့ Credit Card တွေကနေတစ်ဆင့် ဝယ်လို့ရတယ်” ဟု ၎င်းကဆိုသည်။

ပြည်တွင်းမှ မိုဘိုင်းဖုန်းဘီလ်၊ Myan Pay, Y Pay, SMS နှင့် 1899 Hot Line တို့သို့ ဆက်သွယ်ဝယ်ယူနိုင်ပြီး တေးသီချင်းသီးသန့် ဝယ်ယူနိုင်မည့် ငွေဖြည့်ကတ်များလည်း ထုတ်လုပ် ရောင်းချမည် ဖြစ်ကြောင်း Legacy Music Network ကုမ္ပဏီထံမှ သိရသည်။

လက်ရှိအချိန်တွင် တေးထုတ်လုပ်ရေးကုမ္ပဏီ သုံးခုခန့်နှင့် တရားဝင်စာချုပ် ချုပ်ဆိုထားပြီး အင်တာနက်ပေါ်တွင် သီချင်းများအခမဲ့ Download ဆွဲခွင့်ပြုထားသော ဝက်ဘ်ဆိုက်များကိုလည်း သတိပေးအရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း Legacy Music Network ကုမ္ပဏီထံမှ သိရသည်။
“ခေတ်နဲ့မီအောင် လိုက်ဖို့ဆိုရင် ဂီတစီးပွားရေးကလည်း တိုးတက်ဖို့ လိုလာပြီလေ။ ပုံစံသစ်တစ်ခုအနေနဲ့ ကြိုဆိုပါတယ်။ ဒီနိုင်ငံမှာက စီဒီ၊ ဒီဗီဒီ၊ ဗီစီဒီတွေပဲ ရောင်းနေရတာဆိုတော့ ခိုးကူးဒဏ် အများဆုံး ခံရတယ်။ Online Download က နိုင်ငံတကာမှာလည်း အများကြီး အောင်မြင်နေတယ်။ ဒီမှာလည်း တရားဝင် လုပ်တာဆိုတော့ ကြိုဆိုပါတယ်” ဟု တေးသံရှင် ဖြူဖြူကျော်သိန်းက ဆိုသည်။

အဆိုပါ ဝက်ဘ်ဆိုက်မှတစ်ဆင့် တေးသီချင်းများ စတင်ဝယ်ယူနိုင်နေပြီ ဖြစ်သော်လည်း တရားဝင် မိတ်ဆက်မှုကို အောက်တိုဘာလ ၂၇ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်သည်။

The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ