ယာဉ်(၁)စီး ၀ါယာရှော့ဖြစ်မီးလောင်

ရန်ကုန်၊ အောက်တိုဘာ ၂၃

၂၃.၁၀.၂၀၁၃ရက်နေ့ ၁၁၂၀အချိန်တွင် သန်လျင်မြို့နယ်၊ မြို့ဟောင်း အရှေ့ရပ်ကွက်၊ ကျိုက်ခေါက် ဘုရားလမ်း၊ ဖြူနှင်းဝေေ၀ တည်းခိုခန်းရှေ့လမ်းမပေါ်တွင် သန်လျင်ဘက်မှ ကျောက်တန်းဘက်သို့ ယာဉ်မောင်း မြင့်အောင်၊ (ဘ)ဦးတင်ထွန်း ၊ ကျောက်ရေတွင်းကျေးရွာ၊ သန်လျင်မြို့နယ်နေသူမောင်းနှင်လာသော ထ/----၊ TE 11 အစိမ်းရောင် ယာဉ်သည် ရေနံချက်စက်ရုံအတွင်းမှ သံပြားများတင်ဆောင်လာစဉ် ယာဉ်မှာ ၀ါယာရှော့ဖြစ်မီးလောင်းခဲ့၍ မီးသတ်ယာဉ် (၃)စီးဖြင့် ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ၁၁၄၀အချိန် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် တန်ဘိုးငွေကျပ်(၅)သိန်းခန့်ဆုံးရှုံးခဲ့ကာ ယာဉ်မောင်းမြင့်အောင်တွင် မျက်နှာပြင်မီးလောင်ဒဏ်ရာ၊ ၀ဲ/ယာလက်၊တင်ပါး၊ ပေါင်၊ ခြေသလုံးတို့ မီးလောင်ဒဏ်ရာများရရှိခဲ့သဖြင့် သန်လျင်ဆေးရုံတွင် အတွင်းလူနာ (မစိုးရိမ်ရ)ဖြင့် တက်ရောက်ကုသနေရပြီး ယာဉ်မောင်း မြင့်အောင်အား သန်လျင်မြို့မရဲစခန်း(ပ)၉၇၈/၂၀၁၃၊ ပုဒ်မ ၂၈၅/၃၃၇ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ