ဆောက်လုပ်ဆဲ အဆောက်အအုံ ပေါ်မှ လူနှစ်ဦး ပြုတ်ကျ တစ်ဦးသေဆုံး

ရန်ကုန် အနောက်ပိုင်းခရိုင် မရမ်းကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက်တွင် ဆောက်လုပ်ဆဲ ကန်ထရိုက်တိုက်ပေါ်မှ ယမန်နေ့ နံနက် ၈ နာရီခန့်က အမျိုးသားနှစ်ဦး ပြုတ်ကျပြီး တစ်ဦးမှာ သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ သာယာအေး(၃)လမ်းထိပ် အမှတ်(၂၂-အေ)နေ ပိုင်ရှင်ဦးသန်း အောင်၏ မြေပေါ် တွင် ကန်ထရိုက်တာ ဦးဝင်းပိုင် တာဝန်ယူ၍ ဆောက်လုပ် နေဆဲဖြစ်သော ကန်ထရိုက်တိုက် (၃)လွှာ ပေါ်မှ ငြမ်းဆင် လုပ်သားများ ဖြစ်သည့် ဦးကိုလွင် အသက်(၄ဝ)နှစ် ပေါက်ကုန်းရပ် ကွက်၊ မင်္ဂလာဒုံမြို့နယ် နေသူနှင့် မောင်ဇော် အသက်(၃၈)နှစ် (ဘ) ဦးအေး ညောင် ရွာ၊ လှိုင်သာယာ မြို့နယ် နေသူတို့သည် ငြမ်းဆင်ရန် ဝါးလုံးများအား မြေပြင်မှ အထက် သုံးလွှာ သို့ ဆွဲတင်ဆွဲချ သယ်ယူ ချည်နှောင်ခြင်းများ ပြုလုပ်နေစဉ် တိုက်၏အရှေ့ဘက်ခြမ်း၌ သွယ် တန်း ဖြတ်သန်း လျက်ရှိသော ဗို့အား ၆၆ဝဝ ရှိ ဆားဗစ် ကျပ်လုံးကြိုးနှင့် ထိစပ် ပွတ်တိုက် မိရာမှ ရေစိုနေသော ဝါးတစ်လုံးအား လျှပ်စစ်စီးဝင်ပြီး ဓာတ် လိုက်ခြင်းဖြစ်ကြောင်း သိရှိ ရသည်။ အဆိုပါ ဓာတ်လိုက်မှုကြောင့် ဦးကိုလွင်မှာ ရုန်းကန်လွတ်မြောက်ပြုတ်ကျသွား သော် လည်း (မစိုးရိမ်ရ)၊ မောင်ဇော်မှာ တိုက်ရိုက်ထိစပ်သော လျှပ်စစ်ဓာတ် အားကြောင့် နှလုံး သွေး ရပ်ကာ သေဆုံးသွား ရခြင်း ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဘုရင့်နောင် ရဲတပ်ဖွဲ့ စခန်းမှ သေမှုသေခင်း PR အမှတ် ၁၆/၂ဝ၁၃ ဖြင့် မြောက်ဥက္ကလာပ ဆေးရုံသို့ ပေးပို့ စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရှိ ရသည်။

မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ