သတင်းများက တိတိကျကျ အမည်ဖော်ပြမထားသည့် အဆိုပါ အဏ္ဏဝါဇီဝဗေဒ
သိပ္ပံပညာရှင်သည် မျက်မှန်တစ်လက်၊ ဘောင်းဘီတိုလေး တစ်ထည်၊ ရေကူးသည့်
ခြေထောက်ရေယက်များနှင့် အသက်ရှူ ကိရိယာမှလွဲပြီး မည်သည့် အကာအကွယ်မျှ မပါဘဲ ငါးမန်းဖြူကြီး တစ်ကောင်နှင့် ရေကူးပြခဲ့ခြင်း ဖြစ်သည်။
ငါးမန်းဖြူကြီးတစ်ကောင်နှင့် အကာအကွယ်မပါဘဲ ရေကူးပြခဲ့သည့်
သတ္တိခဲများငါးမန်းမျိုးစိတ်များ အားလုံးတွင် ရန်အလိုဆုံး၊ အရက်စက်ဆုံးသည်
ငါးမန်းဖြူများ ဖြစ်ကြသည်။ သဘာဝအတိုင်း လှုပ်ရှားသွားလာနေသည့်
ယင်းငါးမန်းဖြူကြီး တစ်ကောင်အနီး ပင်လယ်သမုဒ္ဒရာထဲတွင် မည်သည့် အကာအကွယ်
ပစ္စည်းကိရိယာမျှ မပါဝင်ဘဲ ယှဉ်တွဲရေကူးရန် ဆိုသည်မှာ လူသားများအတွက်
စိတ်ကူးကြည့်ရန်ပင် ခဲယဉ်းသော အခြေအနေဖြစ်သည်။ သို့သော်လည်း ရဲရင့်သည့်
ဇီဝဗေဒ ပညာရှင် တစ်ဦးကမူ ယင်းစိန်ခေါ်မှုကို သက်တောင့်သက်သာပင် လက်ခံခဲ့သည်။
သတင်းများက တိတိကျကျ အမည်ဖော်ပြမထားသည့် အဆိုပါ အဏ္ဏဝါဇီဝဗေဒ
သိပ္ပံပညာရှင်သည် မျက်မှန်တစ်လက်၊ ဘောင်းဘီတိုလေး တစ်ထည်၊ ရေကူးသည့်
ခြေထောက်ရေယက်များနှင့် အသက်ရှူ ကိရိယာမှလွဲပြီး မည်သည့် အကာအကွယ်မျှ မပါဘဲ
ငါးမန်းဖြူကြီး တစ်ကောင်နှင့် ရေကူးပြခဲ့ခြင်း ဖြစ်သည်။ ၎င်းဦးဆောင်သည့်
အစီအစဉ်တွင် ရေငုပ်ဝတ်စုံ ဝတ်ဆင်ထားသည့် အခြားအဖွဲ့ဝင်များက အတူတကွ
လိုက်လံရေကူးရင်း မှတ်တမ်းဗီဒီယို ရိုက်ယူခဲ့ကြသည်။ သာမန်အားဖြင့်
ငါးမန်းဖြူများ၏ ဓလေ့သဘာဝကို လေ့လာသော ရေငုပ်သမားများသည် အထူးစီစဉ်ထားသည့်
လှောင်အိမ်များ၊ လက်နက်များဖြင့် အကာအကွယ် ယူကြသော်လည်း ယင်းတို့အဖွဲ့ကမူ
အလွတ်သဘောသာ ချဉ်းကပ်ခဲ့ခြင်း ဖြစ်သည်။
ငါးမန်းဖြူများကို
ကာကွယ်ထိန်းသိမ်းရန် ရည်ရွယ်သည့် ပရောဂျက်အတွက် လုပ်ဆောင်သည့် အဆိုပါ
မှတ်တမ်းတင်မှုအတွင်း ရေငုပ်သမားများသည် ငါးမန်းကြီး၏ ခန္ဓာကိုယ်ကိုပင်
ထိကိုင်နေသည်ကို တွေ့ရသည်။ ၎င်းတို့သည် မက္ကစီကိုရှိ ငါးမန်းဖြူများ
နေထိုင်ကျက်စားလေ့ရှိသည့် ဘာဂျာရေလက်ကြားတွင် ရေငုပ်ခဲ့သည့်နောက်
စတင်တွေ့ရှိသည့် (၁၀)ပေ အရှည်ရှိသော သားစားသတ္တဝါကြီးနှင့်အတူ
ယခုမှတ်တမ်းဗီဒီယိုကို ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ ရေငုပ်သမားများ အနီးတွင်
ငါးမန်းကြီးက လူးလာကူးခတ်နေသော်လည်း အန္တရာယ်ပေးမှု မရှိခဲ့ချေ။
(၂၀၁၂)ခုနှစ် အကုန်ပိုင်းထိ မှတ်တမ်းများအရ ငါးမန်းဖြူ တိုက်ခိုက်မှုကြောင့်
သေဆုံးသူ (၆၉)ဦးထက်မနည်း ရှိခဲ့ပြီ ဖြစ်သည်။ ငါးမန်းများသည်
သာမန်အားဖြင့် လူကို တိုက်ခိုက်လေ့ မရှိသော်လည်း အမြင်အာရုံ
အားနည်းမှုကြောင့် ရေကူးသူများ၊ ရေလှိုင်းစီးသူများကို ၎င်းတို့၏ သဘာဝ
အစာအာဟာရဖြစ်သည့် ဖျံကြီးများနှင့် မှားယွင်းကိုက်ခဲလေ့ ရှိခြင်းဟု သိရသည်။
လက်ရှိတွင်မူ ငါးမန်းဖြူများ အနေဖြင့် ဈေးကောင်းရသည့်
ဆူးတောင်များကြောင့် သတ်ဖြတ်မှုများ ကြုံနေရပြီး မျိုးသုဉ်းမည့် အန္တရာယ်
စိုးရိမ်ရလောက်သော အနေအထားထိ ရှိနေပြီဖြစ်သည်။
Planet Myanmar Network
ငါးမန်းဖြူကြီးတစ်ကောင်နှင့် အကာအကွယ်မပါဘဲ ရေကူးပြခဲ့သည့် သတ္တိခဲများ
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ထူးဆန်းထွေလာ
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin