ညောင်ဦးမှာ အလှူလုပ်မယ့် နန်းခင်ဇေယျာနဲ့ အင်တာနေရှင်နယ်မယ်များ

Miss International 2012 ပြိုင်ပွဲဝင်များနှင့်အတူ အောက်တိုဘာလ ၂၂ ရက်တွင် ညောင်ဦးမြို့သို့ သွားရောက်၍ ပရဟိတဂေဟာတစ်ခု၌ စာအုပ်များနှင့် မြွေဆိပ်ဖြေဆေး လှူဒါန်းမည်ဖြစ်ကြောင်း နန်းခင်ဇေယျာက ပြောသည်။

““စာအုပ်တွေလှူမယ်၊ မြွေဆိပ်ဖြေဆေးလှူမယ်၊ ညောင်ဦးဘက်နားမှာ မြွေဆိပ်ဖြေဆေးက ဈေးလည်းကြီးတယ်။ အချို့ရွာသားတွေလည်း မတတ်နိုင်ဘူး။ အဲဒီဘက်မှာ မြွေကိုက်ပြီးဆုံးတာတွေလည်း ကြားရတဲ့အတွက်ကြောင့်ပါ””ဟု နန်းခင်ဇေယျာက ပြောသည်။
Miss International 2012 ပြိုင်ပွဲဝင် အလှမယ်များဖြစ်သော နယူးဇီလန်၊ ပြင်သစ်၊ စင်ကာပူ၊ မွန်ဂိုလီးယား၊ အက်စတိုနီးယား၊ အီတလီ စသည့် အလှမယ်ခြောက်ဦးကို တွေ့ဆုံစဉ်က လူအင်အားဖြင့် ပါဝင်ပေးရန် ပြောကြားခဲ့သောကြောင့် ၎င်းတို့အနေဖြင့် အားတက်သရော ပါဝင်ကူညီပေးခြင်းဖြစ်ကြောင်း နန်းခင်ဇေယျာက ပြောသည်။ လှူဒါန်းမှုတွင် ပရိသတ်များလည်း ပါဝင်နိုင်အောင် ဖိတ်ခေါ်ခဲ့ပြီး ဂျာနယ်၊ စာအုပ်၊ မဂ္ဂဇင်း စုစုပေါင်း တစ်ထောင်ကျော်နှင့် အလှူငွေကျပ်ငါးသိန်းကို ပရိသတ်များက လှူဒါန်းခဲ့သည်။

7Day Daily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ