လမ်းလျှောက်လာသောလူငယ်နှစ်ဦးကိုရိုက်၍ ကျောပိုးအိတ် ယူဆောင်သွားသူများအား ဖမ်းဆီး အရေးယူ

ရန်ကုန်၊အောက်တိုဘာ ၂၀

၂၀.၁၀.၂၀၁၃ရက်နေ့ ၀၀၁၀အချိန်တာမွေမြို့နယ်နေ မောင်ဝေယံမင်း၊
(ဘ)ဦးတိုးတိုးဝင်း နှင့်စမ်းချောင်းမြို့နယ်နေ မမေမင်းထက်အောင်၊
(ဘ)ဦးသန်းစိုး တို့(၂)ဦးသည် ဆိပ်ကမ်းမြို့နယ်၊ ရဲရိပ်သာရပ်ကွက်၊
ဗိုလ်တထောင်ဘုရားလမ်းတွင်လမ်းလျှောက်လာစဉ် အရက်မူးနေသော
အမည်မသိလူငယ်(၃)ဦးသည် နောက်မှလိုက်လာပြီး အဆိုပါလူငယ်
(၃)ဦးအနက် အိတ်လွယ်ထား သော လူငယ်မှ မောင်ဝေယံမင်းအား
အိတ်ဖြင့်(၃)ချက်ရိုက်၍စာအုပ်များနှင့်ငွေကျပ်(၁၀၀၀၀) ကျော်ခန့်ပါ
မောင်ဝေယံမင်းလွယ်ထားသောကျောပိုးအိတ်မှာ ပြုတ်ကျသွားခဲ့ပါ
သည်။

အဆိုပါလူငယ်မှ ဆက်လက်၍ မမေမင်းထက်အောင်အား ရိုက်မည်ပြု
သဖြင့် မောင်ဝေယံမင်း မှကာကွယ်ပြီး ပတ်ဝန်းကျင်အား အကူအညီ
တောင်းခံစဉ် အဆိုပါလူငယ်(၃)ဦးသည် မောင်ဝေယံမင်း၏ကျောပိုး
အိတ်အား ယူဆောင် ထွက်ပြေးသွားခဲ့ပါသည်။

အဆိုပါလူငယ်(၃)ဦးအား လှည့်ကင်းဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်
များနှင့် ပြည်သူများမှ ၀ိုင်းဝန်းဖမ်းဆီးရာ ဇေယျာမောင်(ဘ)ဦးညွန့်သိန်း၊
ရန်ကင်းမြို့နယ်နှင့် ဇော်ထိုက်(ဘ)ဦးမြလှိုင်၊ ဖျာပုံမြို့နယ် နေသူတို့
(၂)ဦးအား မောင်ဝေယံမင်း၏ကျောပိုးအိတ်နှင့်အတူ ဖမ်းဆီးရမိပြီး
ကျန်တရားခံ(၁)ဦး (စုံစမ်းဆဲ)မှာ ထွက်ပြေးတိမ်းရှောင်သွားသဖြင့်
၎င်းတို့(၃)ဦးအား ဆိပ်ကမ်းမြို့မရဲစခန်း (ပ)၂၈၂/၂၀၁၃၊ ပုဒ်မ ၃၈၂
ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ