သရုပ်ဆောင်အလုပ်ကို အလုပ်တစ်ခုအနေနဲ့ ပြန်လုပ်မယ် ထူး

ကလောင် - Olive ၊ ဓာတ်ပုံ - ခင်မောင်လတ် (Silver Image)

Q. ထူး ဘာကြောင့်နိုင်ငံရပ် ခြားထွက်သွားဖြစ်တာလဲ။

A. ကျွန်တော် အချစ်ဟု အဓိပ္ပာယ်သက်ရောက်ခြင်းမရှိစေရ ရုပ်ရှင်ရိုက်ပြီး နှစ်နှစ်လောက်ကြာမှ ထွက်သွားဖြစ်တာ။ တကယ်တမ်း ကျွန်တော် နောက်ဆုံးရိုက်ခဲ့တာ သက်မွန်မြင့်၊ ပြေတီဦးတို့နဲ့ ဗီဒီယို ရိုက်ခဲ့တာ။ ရုပ်ရှင်ကားရိုက်ဖို့ ကျွန် တော့်ကိုစာချုပ်ချုပ်ထားတဲ့ကုမ္ပဏီ ရယ်၊ ဒါရိုက်တာရယ် နားလည်မှုလွဲ ကြတယ်။ ကားရိုက်မယ်မရိုက်ဘူးနဲ့ ဆိုတော့ ကျွန်တော်ကိုယ်တိုင် Depression ၀င်လာတယ်။ ဘေးက ရိုက်ခတ်လာတဲ့ကောလာဟလတွေ နဲ့အဲဒီအချိန်က ကျွန်တော့်အသက် အရွယ်နဲ့ကျွန်တော့်စိတ်ထဲမှာ ဘာ မှဆက်မလုပ်ချင်ဘဲအားလုံးကို လွှတ် ချလိုက်ပြီး အဝေးဆုံးကိုထွက်သွား ချင်စိတ်ပဲရှိတယ်။ အဲဒါကြောင့် မိ ဘတွေနဲ့တောင် ဘာမှမတိုင်ပင်ဘဲ ကိုယ့်ဘာသာကိုယ်စီစဉ်ပြီးထွက်သွား တာ။

Q. နိုင်ငံရပ်ခြားမှာ ထူးရဲ့အ သက်မွေးဝမ်းကျောင်းကဘာလဲ။

A. ကျွန်တော်သွားတုန်းက ခဏဆိုပြီးသွားလည်တာ။ ဟိုမှာ ကျွန်တော့်ဝမ်းကွဲအစ်မတွေလည်း ရှိတယ်။ သူတို့နဲ့တွေ့တော့ နေရ တာလည်းလွတ်လပ်တယ်။ မပြန် တော့ဘူးဆိုပြီး သင်တန်းတက်၊ အ လုပ်တွေလည်းဆက်လုပ်ဖြစ်သွား တယ်။ အဲဒီမှာနေရတဲ့အချိန်တွေက ကျွန်တော့်ကိုအတွေ့အကြုံကောင်း တွေရစေပါတယ်။ ဒီမှာတုန်းကဆို ကျွန်တော်ကအငယ်ဆုံးလည်းဖြစ် တော့ လူမှုဆက်ဆံရေးလည်း မ ကောင်းဘူး။ ဟိုမှာက အလုပ်က သင်ပေးသွားတော့ လူမှုဆက်ဆံ ရေးကအစ နားလည်လာတယ်။

Q. ခုပြန်လာတာကရော အ နုပညာအလုပ်တွေပြန်လုပ်ဖို့လား။

A. ဟုတ်ကဲ့။ ကျွန်တော် အနု ပညာအလုပ်တွေဆက်တိုက်လုပ်သွား ဖို့ရှိပါတယ်။ ကျွန်တော် ဒီသရုပ် ဆောင်ဆိုတာ ငယ်ငယ်ကတည်းက ဖြစ်ချင်ခဲ့တဲ့အလုပ်၊ ၀ါသနာပါတဲ့ အလုပ်လေ။ ကလေးဘ၀ကတည်း ကမေးရင်သူများတွေဆိုဖြေတယ်။ ကြီးလာရင် ဘာလုပ်မလဲ။ စစ်ဗိုလ် ကြီးလုပ်မယ်၊ ဆရာဝန်ကြီးလုပ်မယ် လို့ဖြေကြတယ်။ ကျွန်တော်က ငယ် ငယ်ကတည်းက မင်းသားပဲလုပ်မှာ လို့ဖြေတာ။ ခဏတာ အဆင်မပြေ မှုတွေကြောင့် ကျွန်တော့်ရဲ့အသက် အရွယ်နဲ့ခံနိုင်ရည်မရှိဘဲ အဝေးဆုံး ထွက်သွားပေမယ့် အလွန်ဆုံးပျော် တစ်နှစ်ပဲ။ ကျွန်တော်အလုပ်လုပ်ရင်း နှဲ့Stable ဖြစ်လာတယ်။ ကိုယ့်စိတ် ကရင့်ကျက်လာတဲ့အချိန်မှာ ကျွန် တော်ပြန်စဉ်းစားတယ်။ မြန်မာနိုင်ငံ မှာသရုပ်ဆောင်ပြန်လုပ်မယ်လို့။ ဒါ ပေမဲ့ ကျွန်တော်ကဟိုမှာ စာချုပ်နဲ့ လုပ်တာဆိုတော့ စကားတွေထပ် ပျက်မှာစိုးတယ်။ အဲဒါကြောင့်လုပ် ပြီးသားအလုပ်တစ်ခုကို ပြီးအောင် လုပ်ခဲ့တယ်။ ကြားထဲမှာတော့ Online မဂ္ဂဇင်းတွေအတွက် ရိုက် ပေးဖြစ်တယ်။

Q. ပြန်လာတဲ့အချိန်မှာရော နွေးထွေးမှုတွေနဲ့ကြိုတယ်လို့ထင် လား။

A. ခုချိန်မှာတော့ ကျွန်တော် ရိုက်ခဲ့တဲ့ ဒါရိုက်တာဟောင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေက အားလုံး နွေးထွေးစွာကြိုကြပါတယ်။ စာနယ် ဇင်းက ဆရာ၊ ဆရာမတွေက အစ ပြန်ပြီး သရုပ်ဆောင်လုပ်မှာလား၊ လုပ်စေချင်ကြတယ်။ ကျွန်တော် လုပ်ရသည်ဖြစ်စေ၊ မလုပ်ရသည်ဖြစ် စေ အဲဒါတွေကအားရှိစေတယ်။ ခု ပြန်လာတဲ့အချိန်မှာ ကျွန်တော်ထွက် သွားတုန်းကနဲ့စာရင်အသစ်တစ် ယောက်အနေနဲ့ အခွင့်အလမ်းတွေ အများကြီးရှိလာတယ်။ ဠဃီ ရိုက် တာကအစ အရင်တုန်းကနဲ့မတူ တော့ဘူး။ ပံ့ပိုးပေးမယ့်မီဒီယာတွေ ကလည်းအများကြီးပဲလေ။

Q. သုံးနှစ်တာကာလအတွင်း ထူး ကိုယ့်ကိုယ်ကိုယ်ဘယ်လိုတည် ဆောက်ခဲ့လဲ။

A. ကျွန်တော်အရင်ကထက် စာရင်ပိုပြီး mature ဖြစ်လာတယ် ထင်ပါတယ်။ အရင်တုန်းကတော့ ကလေးစိတ်ပေါ့။ ကိုယ်လုပ်ချင်မှ လုပ်တယ်၊ မလုပ်ချင်ရင်မလုပ်ဘူး။ ကိုယ်လုပ်ချင်လို့လုပ်တာကိုလည်း ဘယ်သူဘာပြောပြော ဂရုမစိုက် ဘူးဆိုတဲ့စိတ်လေးရှိတယ်။ အခုချိန် မှာတော့ ဒါလုပ်သင့်၊ မလုပ်သင့် ဝေ ဖန်ပိုင်းခြားနိုင်လာတယ်။ ကျွန်တော် သရုပ်ဆောင်အလုပ်ကို အလုပ် တစ်ခုအနေနဲ့ ပြန်လုပ်ဖို့ဆုံးဖြတ် သွားမယ်။

Q. ထူး ဒီလိုသရုပ်ဆောင်ပြန် လုပ်မယ်ဆိုတဲ့ စိတ်နဲ့ခန္ဓာကိုယ်၊ ရုပ် ရည်ထိန်းသိမ်းခဲ့တာလား။

A. ရောက်ရောက်ခြင်းတစ်နှစ် မှာ စိတ်ပျော်သလိုနေတယ်။ စိတ် လွတ်ကိုယ်လွတ်စားဖြစ်တယ်။ ၉၂ ကီလိုလောက်တောင်ဖြစ်သွားတယ်။ စိတ်တိုင်းကျစားသောက်နေထိုင်ပြီး နှစ်နှစ်လောက်ရှိမှ သရုပ်ဆောင် ပြန်လုပ်မှာဆိုပြီး အစားအသောက် အနေအထိုင်ဆင်ခြင်ဖြစ်တယ်။ ဒီ အလုပ်မလုပ်ပေမယ့် ဒီအလုပ်လုပ် တဲ့အတိုင်းပြန်စားသောက်နေထိုင် ဖြစ်တော့ ခုပြန်ရိုက်မယ်ဆိုတဲ့အချိန် မှာ အဆင်သင့်ဖြစ်နေတာပေါ့။

Q. ထူး သတ်မှတ်ထားတဲ့ အောင်မြင်ခြင်း၊ ကျရှုံးခြင်းဆိုတာ

A. ကျွန်တော်ထင်တာက အဲ ဒါကကိုယ့်ခံယူမှု၊ ကိုယ့်လုပ်ရပ်နဲ့ပဲ ဆိုင်ပါတယ်။

Q. ခုဇာတ်ကားတွေ ပြန်လက် ခံတဲ့အခါ ဘယ်လိုစံသတ်မှတ်ထား လဲ။

A. ကျွန်တော်ကသရုပ်ဆောင် ကောင်းတစ်ယောက်ဖြစ်ချင်တာ လေ။ အရင်ကတည်းက ကျွန်တော် ပြောဖူးပါတယ်။ ကျွန်တော်တတ် တဲ့ ဇာတ်ရုပ်လေးတွေ ရိုက်ခွင့်ရ မယ်ဆိုရင်လက်ခံမှာပါပဲ။

Q. ထူး စာဖတ်ပရိသတ်ကို ဘာပြောချင်သေးလဲ။

A. ကျွန်တော်ဇာတ်ကားပြန် ရိုက်နေပါပြီ။ ပြေတီဦး၊ နေမင်းတို့ နဲ့ဒါရိုက်တာကိုဇော်(အရုဏ်ဦး)ပါ။ ကျွန်တော့်ကိုသိခဲ့တဲ့ ပရိသတ်ရော၊ မသိခဲ့တဲ့သူရော၊ အနည်းငယ်သိခဲ့ တဲ့သူရော ကျွန်တော်သရုပ်ဆောင် ပြန်လုပ်နေပါပြီ။ ပြန်ပြီးအားပေး ပါဦးလို့ပဲပြောချင်ပါတယ်။

8 DAYS A WEEK ENTERTAINMENT

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ