ကိုယ့်ခန္ဓာကိုယ်မှာ ဘယ်နေရာလှလဲမပြောတတ်ဘူး အိမ့်ချစ်

ကလောင် - ကျော်မျိုးနိုင်

=================================
လူသန်းပေါင်းခြောက်ဆယ်ထဲ မှာအောင်မြင်ကျော်ကြားတဲ့သူ တစ် ယောက်ဖြစ်ဖို့ဆိုတာက တကယ်ကို မလွယ်လှတဲ့ကိစ္စရပ်ပါ။ အောင်မြင် ကျော်ကြားသူတွေမှာ ဘယ်လိုကိုယ် ရည်ကိုယ်သွေးတွေ ပိုင်ဆိုင်ထားလဲ၊ သူတို့ကဘယ်လို အကြောင်းအရာ တွေပေါ်မှာအသေးစိတ် အာရုံစိုက် ပြင်ဆင်ထားလဲဆိုတာ စိတ်ဝင်စားစ ရာပါပဲ။

အခုလိုမျိုး အိမ့်ချစ်ဆိုပြီး အောင်မြင်မှုတွေရရှိလာတာ ဘာ ကြောင့်လို့ထင်လဲ
==========================================
နံပါတ်(၁)က အိမ့်ချစ်ဝါသနာ အရင်းခံတယ်။ နံပါတ်(၂)က ၀ါသ နာအပေါ်မှာကြိုးစားတယ်။ နံပါတ် (၃)က အိမ့်ချစ်ရဲ့ ကံ၊ စန်းအတွက် ဘာသာတရားလိုက်စားတယ်။ နံ ပါတ်(၄)အိမ့်ချစ်ရဲ့အမေက အများ ကြီးထောက်ပံ့တယ်။ တွန်းအား တွေပေးတယ်။ အဲဒါတွေနဲ့အောင် မြင်လာတယ်လို့အိမ့်ချစ်ထင်ပါ တယ်။

ပရိသတ်ကရော အိမ့်ချစ်ကို ဘာကြောင့်ကြိုက်တယ်လို့ထင်လဲ
===================================
အဲဒါကတော့ ကုသိုလ်ကံပေါ့။ ပရိသတ်ချစ်တဲ့ကံလေးပါလာတယ် လို့ထင်ပါတယ်။

MTV တွေရိုက်တဲ့အခါ၊ ရှိုး တွေဆိုတဲ့အခါ မိတ်ကပ်လိမ်းတာကိုအိမ့်ချစ်ကြိုက်နှစ်သက်လား
==========================
မကြိုက်လည်းလိမ်းရတာပဲ။ ဒါပေမဲ့ အိမ့်ချစ်က မိတ်ကပ်လိမ်း ရတာကိုမကြိုက်ဘူး။ အပြင်ထွက် ရင်တောင် မျက်နှာပြောင်နဲ့ပဲထွက် တာ။ စင်ပေါ်တက်မှသာ မိတ်ကပ် လိမ်းတာ။

တစ်ယောက်တည်းရှိရင်ရော ဘာအမူအကျင့်တွေလုပ်တတ်လဲ
==================================
ကိုယ့်အိမ်ထဲမှာကိုယ့်ဘာသာ ကိုယ်တစ်ယောက်တည်းဆိုရင် ငပေါလိုပဲနေတယ်။ ပြောချင်တာပြော တယ်။ ဆိုချင်တာဆိုတယ်။ အိမ့်ချစ် ကယောက်ျားလေးလည်းနည်းနည်း ဆန်တယ်။

အိမ့်ချစ်ခန္ဓာကိုယ်မှာ ကိုယ် တိုင်ကြိုက်နှစ်သက်ပြီး လှတယ်လို့ ထင်တဲ့အစိတ်အပိုင်းက ဘာဖြစ်မလဲ
====================================
ဘာမှမရှိဘူး။ မပြောတတ် ဘူး။ သူများတွေပြောတာကတော့ အိမ့်ချစ်က မျက်နှာတန်ဆာပလာ ကောင်းတယ်တဲ့။ မျက်ခုံးကောင်း တယ်လို့ပြောကြတယ်။ ဒါပေမဲ့ အိမ့်ချစ်က အကုန်လုံးကိုစိတ်ညစ် တယ်။ မျက်ခုံးကောင်းတာလည်း မ ကြိုက်ဘူး။ နှာခေါင်းချွန်တာလည်း မကြိုက်ဘူး။ မျက်လုံးပြူးတာလည်း မကြိုက်ဘူး။ ခြေထောက်တွေ၊ လက်တွေလည်းမလှဘူး။ လက်တွေ ဆိုလည်းမလှဘူး။ ယောက်ျားလက် တွေလိုပဲ တုံးတုံးလေးတွေ။ ခြေ ထောက်တွေဆိုလည်း တိုတိုလေး တွေ။ ဘယ်နေရာလှလဲဆိုတာ မ ပြောတတ်ဘူး။

တေးရေးဆရာက သီချင်း တစ်ပုဒ်ပေးလိုက်ရင် သီချင်းအ လိုက်ကို လွယ်လွယ်နဲ့ရတတ်တဲ့သူ လား
====================================
အလေ့အကျင့်တော့ဖြစ်နေပါ ပြီ။ ကြော်ငြာဆို သီချင်းချက်ချင်း ချပေး ချက်ချင်းဆိုရတာ။ ကြော် ငြာဆိုရင် တစ်နာရီလောက်ပဲအချိန် ရတာ။

8 DAYS A WEEK ENTERTAINMENT

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ