ဆင်စွယ်နှင့် ကြံ့ဦးချို ရောင်းချနေမှုများကို ဆန့်ကျင်ရန် ဂျက်ကီချန်းကူညီ

ဆင်စွယ်နှင့် ကြံ့ဦးချို ရောင်းချနေမှုများကို ဆန့်ကျင်ရန် ဂျက်ကီချန်းကူညီ ဂျက်ကီအနေဖြင့် အစွယ်နှင့် ဦးချိုတို့အတွက် သတ်ဖြတ်ခြင်း ခံနေရသည့် တောဆင်ရိုင်းများနှင့် ကြံ့များအတွက် အကာအကွယ်ပေးရန် ရည်ရွယ်သော မှတ်တမ်း ဗီဒီယို တစ်ခုကို ရိုက်ကူးသွားမည် ဖြစ်သည်။

သားရိုင်း တိရစ္ဆာန်များကို တရားမဝင် အမဲလိုက် သတ်ဖြတ်နေမှုများအား ဆန့်ကျင်သည့် လှုပ်ရှားမှု၌ ဂျက်ကီချန်းက ပါဝင်ကူညီသွားမည် ဖြစ်သည်။ ဂျက်ကီအနေဖြင့် အစွယ်နှင့် ဦးချိုတို့အတွက် သတ်ဖြတ်ခြင်း ခံနေရသည့် တောဆင်ရိုင်းများနှင့် ကြံ့များအတွက် အကာအကွယ်ပေးရန် ရည်ရွယ်သော မှတ်တမ်း ဗီဒီယို တစ်ခုကို ရိုက်ကူးသွားမည် ဖြစ်သည်။ ဂျာမန် ရုပ်ရှင် ဒါရိုက်တာ ဂျာကော့ဘ် နက်ဆာ တာဝန်ယူမည့် Gambling on Extinction မှတ်တမ်း ဗီဒီယိုအတွက် ဂျက်ကီက အကူအညီ ပေးသွားရန် စီစဉ်ထားသည်။ ယင်းမှတ်တမ်းကို အာဖရိကနှင့် အရှေ့တောင် အာရှတို့တွင် ဖြန့်ကျက် ရိုက်ကူးသွားမည် ဖြစ်ကြောင်း Hollywood Reporterက ဖော်ပြခဲ့သည်။

ယခင်ကတည်းက တိရစ္ဆာန် အခွင့်အရေး လှုပ်ရှားသူ တစ်ဦးအဖြစ် ပါဝင်ခဲ့သည့် ဂျက်ကီသည် တောရိုင်း နို့တိုက်သတ္တဝါများကို ကူညီစောင့်ရှောက်ရေးအတွက် ရည်ရွယ်သည့် ယခုလှုပ်ရှားမှုတွင် မိမိအနေဖြင့် အားတက်သရော ကူညီမည်ဖြစ်ကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ "ဆင်စွယ်ကို ရတနာ တစ်ပါးလို တန်ဖိုးထားနေတဲ့ အမြင်ကို လူတိုင်းက စွန့်ပစ်သင့်ပါပြီ။ ကြံ့ချိုတွေကို ထုထားတဲ့ ပန်းပု လက်ရာတွေကိုလည်း မေ့ပစ်သင့်ပြီ။ ကြံ့တွေ၊ ဆင်တွေ သဘာဝအတိုင်း သေကြေရာက ရရှိလာတဲ့ ဦးချိုတွေ၊ အစွယ်တွေလို့ ပြောဆိုနေတာကို ယုံလို့မရပါဘူး။ ဒါဟာ လုံးဝလည်း မမှန်ကန်ပါဘူး"ဟု ဂျက်ကီက ဆိုသည်။

Spy Next Doorစတား ဟောင်ကောင် မင်းသားက "သတ်ဖြတ်မှုတွေကို လျှော့ချပစ်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက သတ်ဖြတ်မှုတွေနဲ့ ဆက်နွယ်တဲ့ တောင်းဆို လိုလားမှုတွေကို လျှော့ချဖို့ပါပဲ။ ကျွန်တော်တို့ အားလုံးဟာ သုံးစွဲသူတွေ ဖြစ်ပါတယ်။ ဒီအခြေအနေကို ပြောင်းလဲပစ်ဖို့အတွက် ကျွန်တော်တို့ လုပ်ဆောင်နိုင်ပါတယ်။ ဆင်စွယ်တွေ၊ ကြံ့ချိုတွေကို ကျွန်တော်တို့ မလိုချင်ဘူးဆိုရင် သတ်ဖြတ်မှုတွေ အလိုလို နည်းပါးသွားမှာပါ"ဟုလည်း မှတ်ချက်ပြုသွားသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ