ဆီးဂိမ်းလှုံ့ဆော် ရေးနှင့်အလှမယ်တို့ ဂုဏ်ယူစကားသံ

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံတကာမှအလှမယ်များလည်း ပါဝင်မယ်လို့ သိရပါတယ်။ ကိုယ့်မြေကိုယ့်ရေမှာ ကျင်းပမယ့် ဆီးဂိမ်းပြိုင်ပွဲ မှာလည်း ပြည်တွင်းရှိ အလှမယ်တချို့ပါဝင်အားဖြည့်ကူညီမှုတွေ၊ ဂုဏ်ယူစကားသံများနှင့်ပတ်သက်ပြီး နန်းခင်ဇေယျာ၊ ဂုဏ်ရည်အေးကျော်၊ ခင်ဝင့်ဝါ နှင့် ခင်လပြည့်ဇော်တို့ကို မေးမြန်းဖော်ပြပေးလိုက်ပါတယ်။

နန်းခင်ဇေယျာ

“အခုလောလောဆယ်တော့ ဆီးဂိမ်းအတွက် ဘာမှမပြောထား သေးပါဘူး။ ပြော လာခဲ့ရင်တော့ ညီမအနေနဲ့ ပါဝင်ကူညီသွားမှာပါ။ ညီမတို့လူငယ်တွေအနေနဲ့လည်း တစ်ဖက်တစ်လမ်းက ကူညီသင့်တယ်လို့လည်း ပြောချင်ပါတယ်။ ပြီးတော့ ညီမ တို့နိုင်ငံ ကဆီးဂိမ်းကိုအိမ်ရှင်အဖြစ်နဲ့ ကျင်းပခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူပါတယ်။ အားကစား သမားတွေအနေနဲ့လည်း ဆီးဂိမ်းမှာ အောင်မြင်မှုတွေ မျှော်လင့်ထားကြပါတယ်”

ဂုဏ်ရည်အေးကျော်

“ဂုဏ်ရည်က ပြိုင်ပွဲကိုသွားတဲ့အချိန်နဲ့ ဆီးဂိမ်းနဲ့က ကွက်တိပဲဖြစ် နေ တာ။ ဂုဏ်ရည်တို့ MDF ကတော့ ဆီးဂိမ်းနဲ့ပတ်သက်ပြီး အများ ကြီးလုပ်နေတယ်။MDF လက် အောက်က Restaurant Association က ဆီးဂိမ်းမှာလာတဲ့ အားကစားသမားတွေကို တာဝန်ယူချက်ပြုတ်ကျွေးမွေးမှာလေ။ပွဲချိန်မှာမရှိပေမယ့် အခုချိန်ဒါတွေ လိုက်လုပ် ပေးနေတယ်။ ဂုဏ်ရည်ကို ပါဝင်ဖို့ကမ်းလှမ်းရင်ဝမ်းမြောက်ဝမ်းသာစွာနဲ့ပါဝင်မှာပါ။ အိမ်ရှင်နိုင်ငံတွေ အတွက်ဘယ်ပြိုင်ပွဲမဆို အားသာချက်ရှိစမြဲပါ။ မြန်မာနို င်ငံလည်း ဒီအားသာချက်ကို အပြည့် အဝအသုံးချပြီး အကျိုးအမြတ်ကောင်းများစွာ ရရှိမယ်လို့ ယုံကြည်ပါတယ်”

ခင်ဝင့်ဝါ

“ညီမတို့နိုင်ငံက ဆီးဂိမ်း အားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပခွင့် ရတဲ့အတွက် တအားဂုဏ်ယူမိပါတယ်။ ပေါ်ပြူလာဂျာနယ်က ရိုက်ကူးတဲ့ ဆီးဂိမ်းအားကစားလှုံ့ ဆော်ရေးကဏ္ဍမှာ တစ်ဖက်တစ်လမ်း က ပါဝင် ကူညီခွင့်ရတဲ့အတွက်လည်းဝမ်းသာပါတယ်။Miss တစ်ယောက် အနေ နဲ့ရော၊နိုင်ငံသားတစ်ယောက်အနေနဲ့ရော ညီမကိုပေးလာတဲ့ဘယ်လို တာဝန်မဆို ကျေပွန်အောင်ဆောင်ရွက်သွားဖို့စိတ်ကူးရှိပါတယ်။”

ခင်လပြည့်ဇော်

“ညီမကတရုတ်ပြည်မှာပြိုင်ပွဲပြီးလို့ မြန်မာပြည်ကိုပြန် လာပြီဆိုရင်ဆီးဂိမ်းပြိုင်ပွဲအတွက်ဘယ်အဖွဲ့အစည်းကမဆို တာဝန်ပေးခဲ့ မယ်ဆိုရင်တာဝန်ပေးသမျှကိုညီမဘက် ကအားသည်ဖြစ်စေ၊မအားသည်ဖြစ်စေ လုပ်ဆောင်ဖို့အဆင်သင့်ပါပဲ။ ကိုယ့်နိုင်ငံမှာကျင်းပတဲ့အတွက်တအားလည်းပျော်တယ်။ ဘက်ပေါင်းစုံကလာကြမှာဖြစ်တဲ့ အတွက်လည်း တအားကောင်းပါတယ်။ ကိုယ့်နိုင်ငံမှာ ကျင်းပတဲ့အတွက်လည်းမြန်မာဆိုပြီးတော့ လက်မထောင်နိုင်တာပေါ့နော်။ ညီမကတော့ ဘယ်ကစားနည်း မဆို ရွှေတွေချည်းပဲ အကုန်ရစေချင်ပါတယ်။ အားလည်းအားပေးမှာပါ”

Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ