ပရိသတ်တောင်းဆိုမှုကြောင့် သီချင်းတွေ ထပ်တိုးဖျော်ဖြေခဲ့တဲ့ Big Bag ဖျော်ဖြေပွဲ

ဓာတ်ပုံ-နစ်ကီ

Big Bag အဖွဲ့၏ တတိယအကြိမ်မြောက်ဖျော်ဖြေပွဲတွင် မိုးဖျက်ခဲ့သော်လည်း သီဆိုရန် စီစဉ်ထားသည့် သီချင်းသုံးဆယ်ကျော်အပြင် ပရိသတ်များဆန္ဒအရ သီချင်းများ ထပ်မံသီဆိုဖျော်ဖြေခဲ့သည်။

Big Bagအဖွဲ့၏ The Big Show In Bag III ဖျော်ဖြေပွဲကို စက်တင်ဘာ ၂၈ ရက်ညက မျှော်စင်ကျွန်း၌ ပြုလုပ်ခဲ့ရာ ပွဲစတင်ခါနီးတွင် မိုးသည်းထန်ခဲ့သော်လည်း ပရိသတ်များ ကွင်းလုံးပြည့်နီးပါး လာရောက်အားပေးခဲ့ကြသည်။ Big Bag အဖွဲ့အနေဖြင့် သီချင်းအပုဒ်ရေ သုံးဆယ်ကျော်သာ ဖျော်ဖြေရန် စီစဉ်ခဲ့သော်လည်း ပရိသတ်များမှာ မိုးထဲလေထဲ ကွင်းလုံးပြည့်နီးပါး လာရောက် အားပေးခဲ့သည့်အတွက် မူလက မတိုက်ထားသည့် သီချင်းများကိုပါ ဖျော်ဖြေပေးခဲ့သည်။

ဖျော်ဖြေပွဲကျင်းပချိန်တစ်လျှောက်လုံးတွင် Big Bag အဖွဲ့၏ ပင်တိုင်အဆိုတော်ဟန်ထူးလွင်က လာရောက်ကြည့်ရှုသည့် ပရိသတ်များကို ကျေးဇူးတင်ကြောင်း အကြိမ်ကြိမ်ပြောခဲ့ပြီး SIR ၀ိုင်း တော်သားများဖြစ်သည့် ရေမွန်၊ အောင်လ၊ ဖော်ကာတို့လည်း ပူးပေါင်းဖျော်ဖြေပေးခဲ့ကြသည်။ ယင်းဖျော်ဖြေပွဲတွင် ““မေ့ထားလိုက်၊ မဆိုင်သလိုပဲ၊ ဖြည်းဖြည်းသတ်ပါ””စသည့်သီချင်းများ အပါအ၀င်SIR အဖွဲ့သားများ၏ ဖျော်ဖြေမှုနှင့်အတူ သီချင်းခုနစ်ပုဒ်ခန့်ကို Unplugged တီးခတ်မှုများဖြင့် ဖျော်ဖြေသွားခဲ့သည်။

ည ၇နာရီကျော်တွင် ပွဲစတင်ခဲ့ကာ ည ၁၀ နာရီခန့်အထိ သီချင်းများ ဖျော်ဖြေပေးခဲ့သော်လည်း ပရိသတ်အချို့က ဖျော်ဖြေချိန်နည်းကြောင်း ဝေဖန်ခဲ့သည်။ သီဆိုရန်စီစဉ်ထားသည့် သီချင်းများ ဖျော်ဖြေပြီးချိန်တွင် ပရိသတ်များက သီချင်းထပ်မံသီဆိုရန် တောင်းဆိုခဲ့သဖြင့် သီချင်းငါးပုဒ် ထပ်မံသီဆိုခဲ့ရာ ဗီနိုထွန်းလည်း တစ်ပုဒ် ပါဝင်သီဆိုပေးခဲ့သည်။

Big Bag အဖွဲ့၏ ဒုတိယ အကြိမ်မြောက်ဖျော်ဖြေပွဲနှင့် နှိုင်းယှဉ်လျှင် ယခုဖျော်ဖြေပွဲသည် ပရိသတ်ပိုမိုများကြောင်း လာရောက်ကြည့်ရှုသည့် ပရိသတ်တစ်ဦးကပြောသည်။

7Day Daily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ