ရွှေကြက်ဖရုပ်ရှင်ပွဲတော်ရောက် စိုင်းစိုင်းနဲ့သက်မွန်မြင့်

တရုတ်နိုင်ငံတွင် ရွှေကြက်ဖရုပ်ရှင်ပွဲတော် ပိတ်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၈ ရက်၌   ပြုလုပ်ခဲ့ရာ ““အာဒံရယ်၊ ဧ၀ရယ်၊ ဒဿရယ်”” ဇာတ်ကား ကိုယ်စား တက်ရောက်လျက်ရှိသည့် စိုင်းစိုင်းခမ်းလှိုင်နှင့် သက်မွန်မြင့်တို့ တွဲဖက်ရိုက်ကူးထားသောပုံများ အွန်လိုင်းတွင် ပျံ့နှံ့လာရာ ပရိသတ်များနှစ်သက်ခဲ့ကြသည်။

ယင်းရုပ်ရှင်ပွဲတော်တွင်““အာဒံရယ်၊ ဧ၀ရယ်၊ ဒဿရယ်”” ဇာတ်ကား ပါဝင်ပြသရန် ရွေးချယ်ခံရခြင်းကြောင့် စက်တင်ဘာ ၂၄ ရက်က အထက်ပါသရုပ်ဆောင်နှစ်ဦး အပါအ၀င် ထုတ်လုပ်သူ ခင်စန္ဒာမြင့်နှင့် မြန်မာနိုင်ငံ ရုပ်ရှင်လုပ်ငန်းနှင့် ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများ သွားရောက်ခဲ့ခြင်း ဖြစ်သည်။  
တရုတ်နိုင်ငံတွင် ဖေ့စ်ဘွတ်ခ်သုံးစွဲခွင့် ပိတ်ထားသောကြောင့် သက်မွန်မြင့်နှင့် စိုင်းစိုင်းခမ်းလှိုင်တို့၏ ယင်းရုပ်ရှင်ပွဲတော်သို့ သွားရောက်လည်ပတ်သည့် နေရာများ၏ ပုံများကို ဓာတ်ပုံ လူမှုကွန်ရက် Instagram ၌ တင်ထားပြီး ပိတ်ပွဲဖြစ်သည့် စက်တင်ဘာ ၂၈ ရက်တွင်မူ မြန်မာနိုင်ငံအလံပုံရင်ထိုး ၀တ်ဆင်ထားသော ချင်းရိုးရာဒီဇိုင်းဝတ်စုံနှင့် သက်မွန်မြင့်၏ပုံကို ပရိသတ်များ အထူးနှစ်ခြိုက်ခဲ့ကြသည်။

ထို့အပြင် စိုင်းစိုင်းခမ်းလှိုင် နှင့် နှစ်ယောက်တွဲပုံကိုလည်း ၎င်းတို့နှစ်ဦး၏ လိုက်ဖက်မှုကို ပရိသတ်များက ပြောကြားထားကြသည်။ ပိတ်ပွဲအခမ်းအနားပြီးသော်လည်း စက်တင်ဘာလကုန်ပိုင်းမှသာ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

7Day Daily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ