Victoria's Secret ၏ Catwalk မော်ဒယ်လ်များတွင် မီရန်ဒါကားရ် မပါဝင်

နာမည်ကျော် အမျိုးသမီး အတွင်းခံ အဝတ်အထည် လုပ်ငန်းကြီးက ရွေး ချယ်သော Victoria's Secret နတ်မိမယ်များသည် ကမ္ဘာပေါ်တွင် အလှဆုံး မော်ဒယ်လ်များ အဖြစ်လည်း တင်စားခံရလေ့ ရှိသည်။
Victoria's Secretသည် ယခုနှစ်အတွက် အမှတ်တံဆိပ် ကြော်ငြာကာ Catwalk လျှောက်ပေးမည့် မော်ဒယ်လ်များ စာရင်းကို အတည်ပြု ထုတ်ပြန်ခဲ့ပြီ ဖြစ်သည်။

နာမည်ကျော် အမျိုးသမီး အတွင်းခံ အဝတ်အထည် လုပ်ငန်းကြီးက ရွေး ချယ်သော Victoria's Secret နတ်မိမယ်များသည် ကမ္ဘာပေါ်တွင် အလှဆုံး မော်ဒယ်လ်များ အဖြစ်လည်း တင်စားခံရလေ့ ရှိသည်။ ယခုနှစ်တွင် ထူးခြားမှု အနေဖြင့် Victoria's Secret၏ ပင်တိုင် အလှမယ်များဖြစ်သည့် မီရန်ဒါကားရ်၊ ကာရာဒီလီဗင်နီတို့ မပါဝင်ခြင်း ဖြစ် သည်။ နှစ်တစ်နှစ် ကုန်ဆုံးခါနီးတိုင်း ပြုလုပ်လေ့ရှိသည့် Victoria's Secret၏ Catwalk အစီအစဉ်ကို ယခုနှစ်၌မူ နယူးယော့ခ်မြို့၌ ဒီဇင်ဘာလ (၁၀)ရက်နေ့တွင် ကျင်းပမည်ဟု သိရသည်။

Victoria's Secret၏ နာမည်ကျော် အလှနတ်သမီးများဖြစ် သည့် အေဒရီယန်လီမာ၊ အလက်ဇန္ဒရို အမ်ဘရိုစီတို့သည် ဆွဲဆောင်မှုပြင်းပြသည့် အတွင်းခံ အဝတ်အထည်များနှင့် ကိုယ်ဟန်ပြရန် အသင့်ရှိနေပြီ ဖြစ်သည်။ သူမတို့နှင့်အတူ လိုင်လီအဲလ်ဒရစ်ဂ်ျ၊ ကန်ဒိုက်စ်ဆွမ်နီပိုဝဲလ်တို့ကလည်း အားဖြည့်ပေးမည်ဟု သိရသည်။

ဩစတြေးလျ မော်ဒယ်လ် မီရန်ဒါက သူမအနေဖြင့် မိခင်ဘဝကို ပိုမိုအာရုံစိုက်လိုသဖြင့် Victoria's Secret၏ အစီအစဉ်တွင် (၁)နှစ်ကြာ မပါဝင်လိုကြောင်း ကုမ္ပဏီနှင့် ညှိနှိုင်းသဘောတူညီခဲ့ခြင်း ဖြစ်သည်။ Victoria's Secret၏ ဖက်ရှင်မိတ်ဆက်ပွဲများတွင် ကမ္ဘာကျော် အဆိုတော်များကိုလည်း ငှားရမ်းလေ့ ရှိတတ်ရာ ယခုနှစ်အတွက် မည်သည့်ကြယ်ပွင့်များ ပါဝင်လာမည်ကို မသိရသေးချေ။ ယမန်နှစ်ကမူ ဂျက်စတင်ဘီဘာ၊ ရီဟန်နာ အစရှိသည့် နာမည်ကြီးများက ပင်တိုင် မော် ဒယ်လ်များနှင့်အတူ တွဲဖက်ဖျော်ဖြေမှုများ ပြုလုပ်သွားခဲ့သည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ