Hunger Games ဒါရိုက်တာနှင့် ပြန်လည်အလုပ်လုပ်မည့် ဂျနီဖာလောရင့်စ် Universalက ဂျွန်စတိန်း ဘက်၏ ဂန္ထဝင် ဝတ္ထုဟောင်းဖြစ်သည့် East of Edenကို ဆန်းသစ်ရိုက်ကူးရန် ဂယ်ရီကို တာဝန်ပေးခဲ့ပြီး ဂယ်ရီက ဂျနီဖာကို ပါဝင်လာရန် ကမ်းလှမ်းခဲ့
ဂျနီဖာ လောရင့်စ် အနေဖြင့် Hunger Games ဇာတ်ကားတွင် အတွဲညီခဲ့သည့် ဒါရိုက်တာ ဂယ်ရီရော့စ်နှင့် နောက်တစ်ကြိမ် လက်တွဲဖြစ်မည်ဟု သိရသည်။ အမျိုးသမီး တစ်ဦး၏ စွန့်စားခန်းများကို အသားပေး ဖော်ကျူးခဲ့သည့် Hunger Games ဇာတ်ကားတွင် ဂယ်ရီသည် ဂျနီဖာကို အကောင်းဆုံး လမ်းညွှန်သွန်သင်မှုများ ပြုလုပ်ပေးခဲ့သည်။ ယခုအခါ Universalက ဂျွန်စတိန်းဘက်၏ ဂန္ထဝင် ဝတ္ထုဟောင်းဖြစ်သည့် East of Edenကို ဆန်းသစ်ရိုက်ကူးရန် ဂယ်ရီကို တာဝန်ပေးခဲ့ပြီး ဂယ်ရီက ဂျနီဖာကို ပါဝင်လာရန် ကမ်းလှမ်းခဲ့သည်။ အသက်(၂၃)နှစ်ရှိ အော်စကာဆုရှင် မင်းသမီးကလည်း ဆရာဟောင်းနှင့် ပြန်လည်ပေါင်းစည်းရန် လိုလိုလားလား လက်ခံခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။
ဂျနီဖာသည် အဆိုပါ ဇာတ်ကားတွင် သီယိုဂျိမ်းစ်နှင့် တွဲဖက်သရုပ်ဆောင်ရဖွယ် ရှိနေသည်။ East of Edenသည် (၁၉၅၅)ခုနှစ်က ဒါရိုက်တာ အီလီရာကာဇန် တာဝန်ယူပြီး ရုပ်ရှင်အဖြစ် တစ်ကြိမ်ရိုက်ကူးခဲ့ဖူးသည်။ ထိုစဉ်က နာမည်ကျော်မင်းသား ဂျိမ်းစ်ဒင်းက ဦးဆောင် ပါဝင်ခဲ့သည်။ လတ်တလောတွင် ဂျနီဖာသည် Hunger Games ဇာတ်ကား၏ နောက်ဆက်တွဲ Catching Fireအတွက် အလုပ်များနေဆဲ ဖြစ်သည်။ ဂယ်ရီသည် Burial Rites ဝတ္ထုကို ရုပ်ရှင်အဖြစ် ပြောင်းလဲရန် ရည်ရွယ်ထားပြီး ယင်းအတွက်လည်း ဂျနီဖာကို ကမ်းလှမ်းဖွယ် ရှိနေကြောင်း သိရှိရသည်။
Planet Myanmar Network
Hunger Games ဒါရိုက်တာနှင့် ပြန်လည်အလုပ်လုပ်မည့် ဂျနီဖာလောရင့်စ်
Sunday, September 29, 2013 15:37(+0630) (11 နှစ် ခန့်က)
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
Entertainment
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin