ပခုက္ကူဆေးရုံက သုံးမွှာပူးအောင်မြင်စွာမွေးဖွားပေး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ အထွေထွေရောဂါကု ဆေးရုံကြီး၊ သားဖွားမီးယပ်ကုသ ဆောင်တွင် စက်တင်ဘာ ၂၇ရက်နေ့နံနက်ပိုင်းကသုံးမွှာပူး မိန်းကလေးများအားအောင်မြင် စွာ မွေးဖွားပေးနိုင်ခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့နယ်၊ ကုက္ကူလှ ကျေးရွာအုပ်စု၊ သင်္ဘောကုန်း ကျေးရွာနေ ဦးအောင်ကျော်သူ ၏ ဇနီး ဒေါ်သင်းသင်းအေးမှ ပခုက္ကူပြည်သူ့ဆေးရုံကြီး၊ သား ဖွားမီးယပ်ကုသဆောင်တွင်ယင်းနေ့ နံနက်(၉)နာရီ(၃၅)မိနစ်အချိန်က ပထမမိန်းကလေးကို(၅)ပေါင်ဖြင့် လည်းကောင်း၊ဒုတိယမိန်းကလေး ကိုနံနက်(၉)နာရီ(၃၆)မိနစ်တွင် (၃)ပေါင်(၁၀)အောင်စဖြင့်လည်း ကောင်း၊ တတိယမိန်းကလေးကို နံနက်(၉)နာရီ(၃၇)မိနစ်တွင်(၄) ပေါင်ဖြင့်လည်းကောင်း ပခုက္ကူ ဆေးရုံးကြီးမှမီးယပ်သားဖွားအထူး ကုဆရာဝန်ဒေါက်တာအေးအေးသင်း ကအောင်မြင်စွာဖြင့်မိခင်နှင့်ကလေး (၃)ဦးစလုံးကိုကျန်းမာစွာမွေးဖွား ပေးနိုင်ခဲ့သည်။

သုံးမွှာပူးမိခင်ဒေါ်သင်းသင်း အေး ကိုပခုက္ကူဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာ ဒေါ်အေးအေးသင်းနှင့်အထူးကု ဆရာဝန်များ၊ လက်ထောက် ဆရာဝန်များ၊ ဆေးလူမှုဆက်ဆံ ရေးမှူးနှင့်ဝန်ထမ်းများကပိတ် အနှီးစနှင့်အလှူငွေများထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။

အောင်(မန်းတက္ကသိုလ်)

Hot News Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ