ဂျရတ်လက်သစ် လူငယ်လေးကို မာဆေးဆိုက်နှစ်သင်း အပြိုင်ချိတ်ဆက်နေ

ဂျရတ်လက်သစ် လူငယ်လေးကို မာဆေးဆိုက်နှစ်သင်း အပြိုင်ချိတ်ဆက်နေ အသက်(၁၈)နှစ်သာ ရှိသေးသည့် ဒါဘီကောင်တီ ကွင်းလယ် ကစားသမားလေး ဝီလ်ဟုဂ်ျသည် လီဗာပူးလ် ဂန္ထဝင် အသင်းခေါင်းဆောင်ကြီး ဂျရတ်နှင့် တင်စားနှိုင်းယှဉ်ခြင်း ခံရသူလည်း ဖြစ်သည်။

စတီဗင်ဂျရတ် လက်သစ်ဟု တင်စားခံရသည့် လူငယ် ကစားသမားလေး တစ်ဦးကို မာဆေးဆိုက် အခြေစိုက် နှစ်သင်းလုံး အပြိုင်ကြိုးပမ်းနေကြောင်း သိရှိရသည်။ အသက်(၁၈)နှစ်သာ ရှိသေးသည့် ဒါဘီကောင်တီ ကွင်းလယ် ကစားသမားလေး ဝီလ်ဟုဂ်ျသည် လီဗာပူးလ် ဂန္ထဝင် အသင်းခေါင်းဆောင်ကြီး ဂျရတ်နှင့် တင်စားနှိုင်းယှဉ်ခြင်း ခံရသူလည်း ဖြစ်သည်။ Daily Express သတင်းစာက ၎င်းကို လီဗာပူးလ်အသင်းက အလေးအနက် စောင့်ကြည့်နေပြီး ယခုအခါ အဲဗာတန်ကပါ ချိတ်ဆက်လာကြောင်း ဖော်ပြခဲ့သည်။

အဲဗာတန်သည် ဟုဂ်ျအတွက် ကြိုးပမ်းမှုတွင် မြို့ခံပြိုင်ဘက်ကို လက်ဦးမှုယူကာ ဇန်နဝါရီ ဈေးကွက်အတွင်းတွင် ကမ်းလှမ်းလာနိုင်ကြောင်းလည်း ယင်းသတင်းစာက ဆိုသည်။ အဲဗာတန် မန်နေဂျာ ရောဘတ်တို မာတီနက်ဇ်သည် ကလပ်အသင်း၏ ကင်းထောက်နှစ်ဦးနှင့်အတူ ဒါဘီနှင့် ဘော်လ်တန်တို့ (၂)ဂိုးစီ သရေကျသည့် ပွဲစဉ်တွင် ဟုဂ်ျကို ကိုယ်တိုင်သွားရောက် လေ့လာခဲ့သည်။ ရီးဘော့ခ် ကွင်းကြီးအတွင်း လူငယ်ခြေတက် Playmakerလေး၏ စွမ်းဆောင်ရည် အပိုင်းနှင့် ပတ်သက်ပြီး မာတီနက်ဇ်က အလေးအနက် စောင့်ကြည့်လိုသော်လည်း ကစားသမား ဒဏ်ရာရသွားသဖြင့် ဆန္ဒမပြည့်ဝခဲ့ချေ။

လီဗာပူးလ် မန်နေဂျာ ဘရန်ဒန်ရော့ဂျာသည်လည်း ဟုဂ်ျကို ကာလရှည်ကြာ အကဲခတ် လေ့လာနေခဲ့သူ ဖြစ်သည်။ ဘော်လ်တန်နှင့် ပွဲစဉ်တွင် ဟုဂ်ျသည် တင်ပါးဒဏ်ရာကြောင့် လူစားလဲခဲ့ရသော်လည်း သွင်းဂိုးတစ်ဂိုးအတွက် ဖန်တီးမှု ပြုလုပ်သွားနိုင်ခဲ့သည်။ ဒါဘီမန်နေဂျာ နီဂယ်လ်ကလော့ဂ်ျကမူ မိမိတို့ အနေဖြင့် ကစားသမားကို ဈေးပေါပေါ လက်လွှတ်မည် မဟုတ်ဟု သတိပေးထားသည်။ ၎င်းက "သတင်းတွေကတော့ သူတို့ဖာသာ ပေါင်စတာလင် (၆)သန်းလို့ ဈေးသတ်မှတ်နေတာပါပဲ။ ဒီဈေးနှုန်းဟာ မျှတကောင်း မျှတလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့က သူ့ကို ရောင်းထုတ်ဖို့ စိတ်ကူးမရှိဘူးလေ။ ဆိုလိုတာက ဒီဈေးမျိုးနဲ့ ကမ်းလှမ်းလို့ ဟုဂ်ျကို ရောင်းမယ်လို့ ကျွန်တော်တို့ ဘယ်တော့မှ အာမခံမှာ မဟုတ်ဘူး"ဟု ပြောကြားထားသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ