ဝက်ရူးပြန်အတက်ကျဆေးကြောင့် မွေးရာပါချို့တဲ့ကလေးများ မွေးသလား

ဝက်ရူးပြန်တတ်တဲ့ အမေဟာ ဝက်ရူးပြန်အတက်ကျဆေး 'ဗာပရို ရိတ်(Valproate) စွဲသောက်ခဲ့ရင် မွေးလာတဲ့ကလေးမှာ မွေးရာပါချို့ ယွင်း၍ မွေးလာကြောင်း 'ဦးနှောက် နဲ့အာရုံကြောဂျာနယ်မှာ ပုံနှိပ်ဖော်ပြ ထားတယ်။

လေ့လာမှုတစ်ခုမှာ ဝက်ရူး ပြန်အတက်ကျဆေးဗာဖရိုရိတ် (val- proate)ဟာ မွေးလာတဲ့ကလေးကို 'အော်တင်ဇင်' အငြိမ်မနေကလေး များ မွေးဖွားစေနိုင်ဖို့များကြောင်း ဆိုပါတယ်။ သည်ဆေးကို ခေါင်းတစ် ခြမ်းကိုက်၊ ခေါင်းနာရောဂါမှာလည်း သုံးနေတော့ အမေရိကန်အစား အစာနဲ့ ဆေးဝါးအဖွဲ့က ကိုယ်ဝန် ဆောင်မိခင်များ၊ ခေါင်းတစ်ခြမ်း ကိုက်ခံစားရရင် 'ဗေပလိုရိတ်'မသုံးဖို့ သတိပေးကြေငြာခဲ့တယ်။

ဩစတြေးလျ၊ မဲလ်ဘုန်း တော်ဝင် ဆေးရုံကြီးရဲ့ 'ဩစတြေးလျ ကိုယ်ဝန် သည်စာရင်းအင်းဌာန သုတေသီ'အဖွဲ့တစ်ခုက ဝက်ရူးပြန်မိခင် (၁၇၀ဝ)ကျော်လေ့လာတဲ့စာရင်းမှာ ပထမကိုယ်ဝန်နုစဉ် ဝက်ရူးပြန်ဆေး လျော့သုံးဖို့နဲ့ မွေးချိန်အထိ 'ဗာပရို ရိတ်'လျော့သုံးဖို့ ဆိုတယ်။

ဝက်ရူးပြန်တတ်တဲ့ အမျိုးသမီး များ ကိုယ်ဝန်ဆောင်စေခြင်းဟာ လည်း အကြောက်အလန့်ပြည့်နှက် လျက်ရှိတယ်။ သည်မိခင်လောင်း များဟာ ပြီးပြည့်စုံတဲ့ကလေးမွေးဖို့ မလွယ်ဘူး။ ယခင်လေ့လာမှုများအ ရ မိခင် 'ဗေပလိုရိတ်'သောက်တာ ဟာ ကလေးမယူသင့်ဘူး။ ယူရင် မွေးရာပါချို့တဲ့ကလေးရနိုင်တယ်။ ဘယ်လိုပဲဖြစ်နေနေ ဝက်ရူးပြန် မိခင် ဟာ ဗာပရိုရိတ်ဆေးသာ အတက်ကျ စေလို့ ဆေးဖြတ်လို့တော့မရဘူး။ ကိုယ်ဝန်ပထမသုံးလမှာ ဆေးလျော့ သုံးသင့်တယ်။ ဒါမှ ချို့ယွင်းမှုနည်း စေမယ်လို့ ပါမောက္ခ ဒေါက်တာ တယ်ရီအိုဘရင်'က ဆိုတယ်။

ဒေါက်တာလွင်သန့်(ဆေး -၂)
Health Updates Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ