အမေရိကန် ကားရောင်းအား ခြောက်နှစ်တာ ကာလအတွင်း အမြင့်ဆုံး အနေအထားသို့ ရောက်ရှိ

တရုတ်ပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးမားဆုံး ကားဈေးကွက် ဖြစ်သည့် အမေရိကန်ပြည်ထောင်စု၌ ကားရောင်းအား တိုးတက်ခဲ့ပြီး ခြောက်နှစ်တာကာလအတွင်း အမြင့်ဆုံး အနေအထားသို့ ရောက်ရှိလာသည်ဟု “ဘီဘီစီ သတင်းဌာန”က ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်း အမေရိကန်တွင် စုစုပေါင်း ကားအစီးရေ ၁. ၅ သန်းခန့် ရောင်းချခဲ့ရပြီး ထိုပမာဏမှာ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ရောင်းအားထက် ၁၇ ရာခိုင်နှုန်း တိုးတက်လာခြင်းလည်း ဖြစ်သည်။
ကမ္ဘာလုံးဆိုင်ရာ စီးပွားပျက်ကပ်နှင့် ကြုံခဲ့ရသည့် ၂၀၀၉ ခုနှစ်တွင် အမေရိကန် ကားရောင်းအား သိသိသာသာကျဆင်းသွားခဲ့ ပြီး ထိုမတိုင်မီ ၂ နှစ်ခန့်ကလည်း ကားဈေးကွက်မှာ အေးစက်စက် ဖြစ်နေခဲ့သည်။

ယခုနှစ် သြဂုတ်လအတွင်း ရောင်းချခဲ့ရသည့် စီးရေ ၁. ၅ သန်း ပမာဏမှာ ၂၀၀၇ ခုနှစ်မှစ၍ တစ်လတာကာလအတွင်း ရောင်းအားအကောင်းဆုံး လအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။ ထိုသို့ ရောင်းချနိုင်ခဲ့ရာတွင် အမေရိကန် ကုမ္ပဏီများဖြစ်သည့် ဖို့ဒ်၊ ဂျီအမ် နှင့် ခရိုင်စလာတို့မှာ ရောင်းအား နှစ်ဆခန့် မြင့်တက်လာခဲ့ပြီး တိုယိုတာ၊ ဟွန်ဒါနှင့် နစ်ဆန်းကဲ့သို့သော နိုင်ငံခြား ကုမ္ပဏီများမှာ လည်း ရောင်းအား ၂၀ ရာခိုင်နှုန်းကျော် တိုးတက်လာခဲ့သည်။

ယခုကဲ့သို့ ရောင်းအားတိုးတက်လာခြင်း၏ အဓိက အကြောင်းအရင်းမှာ အမေရိကန်စီးပွားရေး ပြန်လည်ကောင်းမွန်လာခြင်းကြောင့် ဖြစ်ပြီး လာမည့်လများတွင်လည်း ရောင်းအား ဆက်လက်မြင့်တက် ဖွယ်ရှိနေသည်ဟုလည်း လေ့လာသူများက သုံးသပ်ထားသည်။ ဘီဘီစီ သတင်းဌာနကလည်း ယခုနှစ်အတွင်း အမေရိကန်တွင် ကားစီးရေ ၁၆ သန်းခန့် ရောင်းချနိုင်ဖွယ်ရှိနေသည်ဟု ခန့်မှန်းထား သည်။


Automobile

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ