အလုပ်များနေသည့်တိုင် မိခင်ဝတ္တရား မပျက်ကွက်ခဲ့သည့် အမ်ဘရိုစီရို

Victoria's Secret အလှမယ် စူပါမော်ဒယ်လ်သည် သမီးကြီး အန်ဂျာကို ကိုယ်တိုင် ကျောင်းကြိုပို့ရင်း ပျော်ရွှင်နေဟန် ရှိသည်ကို တွေ့ရသည်။

သူမ၏ ပရော်ဖက်ရှင်နယ် အလုပ်များအတွက် မအားမလပ် ရှိလွန်းသည့်တိုင် အလက်ဇန္ဒရာ အမ်ဘရိုစီရို အနေဖြင့် မိခင်ဝတ္တရားလည်း မပျက်ကွက်ခဲ့ချေ။ Victoria's Secret အလှမယ် စူပါမော်ဒယ်လ်သည် သမီးကြီး အန်ဂျာကို ကိုယ်တိုင် ကျောင်းကြိုပို့ရင်း ပျော်ရွှင်နေဟန် ရှိသည်ကို တွေ့ရသည်။ စင်မြင့်ထက်တွင် ဆွဲဆောင်မှု ပြည့်ဝသော အတွင်းခံ အဝတ်အထည်များဖြင့် အတွေ့များသော်လည်း အလက်ဇန္ဒရာသည် တနင်္လာနေ့ကမူ ခပ်ပွပွ ရောင်စုံ ဂါဝန်ရှည်ကို ဂျင်းဂျာကင် တစ်ထည်ဖြင့် တွဲဖက် ဝတ်ဆင်ထားပြီး သက်တောင့်သက်သာ ဖက်ရှင်မျိုးဖြင့် ရှိနေခဲ့သည်။ အသက်(၃၂)နှစ်ရှိ ဘရာဇီးလ် အလှမယ်သည် လော့စ်အန်ဂျလိစ်တွင် လတ်တလော အခြေချ နေထိုင်လျှက်ရှိသည်။

အသက်(၅)နှစ်အရွယ် အန်ဂျာသည်လည်း မိခင်ထံမှ အလှအပသာမက ဖက်ရှင်အမြင်ကိုပါ ဆက်ခံရရှိထားဟန် တွေ့ရပြီး အနီနှင့် အဖြူစပ်ဂါဝန်၊ ပန်းရောင် ကျောပိုးအိတ်လေးဖြင့် တက်ကြွ မြူးထူးနေသည်။ အလက်ဇန္ဒရာသည် (၁၆)လအရွယ် သားငယ်လေး နိုအာကိုလည်း ချီပိုးလာပြီး ကလေးနှစ်ဦးလုံးကို နိုင်နိုင်နင်းနင်း ထိန်းကျောင်းနေသည်ကို တွေ့ရှိရသည်။ အလက်ဇန္ဒရာသည် Forbes၏ ဝင်ငွေအမြင့်ဆုံး မော်ဒယ်လ်များ စာရင်းတွင် အတန်ငယ် အဆင့်ကျသွားပြီး ယင်းသည် မိသားစုအတွက် ပိုမို အချိန်ပေးနေ၍ ဖြစ်ဖွယ်ရှိသည်။ သူမသည် (၂၀၁၃)ခုနှစ်အတွက် Victoria's Secret၏ ဖက်ရှင်ရှိုး အစီအစဉ်တွင်မူ ပါဝင်မည်ဟု သိရှိရသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ