လုပ်ငန်းသုံးယမ်းများ ပေါက်ကွဲမှုကြောင့် သေဆုံး/ဒဏ်ရာရ

နေပြည်တော်၊ စက်တင်ဘာ ၂

၃၁-၈-၂၀၁၃ ရက်နေ့ ၂၀၁၅ အချိန် ကယားပြည်နယ်၊ မော်ချီးမြို့နယ်၊ လိုခါးလိုကျေးရွာ အရှေ့ဘက်ရှိ ဦးဘဲထယ်(၅၅)နှစ်၏နေအိမ်တွင် ခဲလုပ်ငန်းအတွက်အသုံးပြုရန် ယမ်းများသိုလှောင် ထားရာမှ ပေါက်ကွဲမှုဖြစ်ပွားသဖြင့် ဦးဘဲထယ်တွင် ဦးခေါင်း၊ ခြေနှစ်ဖက်၊ လက်နှစ်ဖက်ပြတ်တောက် ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ပြီး သမီးဖြစ်သူ မနော်လယ်စေး(၂၇)နှစ်တွင် ၀ဲလက်ကောက်ပွန်းပဲ့၊ ဦးခေါင်းနောက်ပိုင်းဖူးရောင်ဒဏ်ရာ၊ မြေးဖြစ်သူ စော်မားထယ်တူး(၅)နှစ်တွင် ဦးခေါင်းထိပ်ပေါက်ပြဲဒဏ်ရာများ အသီးသီးရရှိခဲ့သည်။ ထို့ပြင် နေအိမ်ခေါင်းရင်းဘက်ရှိ ဆောက်လုပ်ဆဲ နေအိမ်၌နေထိုင်သူ ဦးနော့နော်ဖူး(၂၂)နှစ်နှင့်ဦးမောင်လှဦး(၂၇)နှစ်တို့တွင် ဦးခေါင်းပေါက်ပြဲ ဒဏ်ရာများရရှိခဲ့သောကြောင့် ဖားဆောင်းပြည်သူ့ဆေးရုံသို့တင်ပို့ကုသကာ မော်ချီးနယ်မြေရဲစခန်း (ပ)၆/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၈၆/၃၃၇/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ