ကမ္ဘာ့အလှမယ်ပြိုင်ပွဲ နေရာပြောင်းရွှေ့မှု စီစဉ်သူ သူဌေးကြီးက အစိုးရကို ဝေဖန်

အင်ဒိုနီးရှားနိုင်ငံသို့ ကမ္ဘာ့ အလှမယ်ပြိုင်ပွဲကိုဆောင်ကြဉ်း လာသောမီဒီယာသူဌေးကြီးက သဘောထား တင်းမာသော မူဆ လင်တို့၏ ဖိအားပေးမှုကြောင့် အလှမယ်ပြိုင်ပွဲအား ဘာလီသို့ ပြောင်းရွှေ့ကျင်းပရန် ဆုံးဖြတ် ခဲ့သည့်အစိုးရအား ပြင်းထန်စွာ ပုတ်ခတ်ဝေဖန်ခဲ့သည်ဟု သိရ သည်။

ဒေသခံပြိုင်ပွဲဖြစ်မြောက် ရေးစီစဉ်သူ MNC မီဒီယာအုပ်စု အကြီးအကဲ ဟာရီတာနိုအဆို အဒီဂျိုက အာဏာပိုင် တို့ကအမိန့် ထုတ်ပြန်ခဲ့ပြီးနောက် အခြားရွေး ချယ်စရာမရှိသည့်အတွက် ကမ္ဘာ့ အလှမယ်ပြိုင် ပွဲကို ဘာလီကျွန်း တွင်သာ ကျင်းပမည်ဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။

မူလအစီအစဉ်တွင် အလှ မယ်ပြိုင်ပွဲ၏ အစောပိုင်းအကျော့ ပြိုင်ပွဲများကို ဘာလီတွင်ကျင်းပ မည်ဖြစ်ပြီး နောက်ပိုင်းအကျော့ များနှင့် ဖိုင်နယ်အကျော့များကို ဂျကာတာမြို့တွင် ကျင်းပသွား မည်ဖြစ်သော်လည်း ယခုအခါ ပြိုင်ပွဲတစ်ရပ်လုံးကို ဘာလီကျွန်း တွင်သာ ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။

ကမ္ဘာ့အလှမယ်ပြိုင်ပွဲနှင့် ပတ်သက်၍ ကမ္ဘာပေါ်ရှိမူဆလင် အများဆုံးနေထိုင်သော အင်ဒို နီးရှားနိုင်ငံရှိ အစ္စလာမ္မစ်အစွန်း ရောက်တို့က နိုင်ငံတစ်လွှားတွင် ကန့်ကွက်ဆန္ဒပြခဲ့ကြပြီးနောက် အစိုးရက ပြိုင်ပွဲတစ် ရပ်လုံးကို ဘာလီကျွန်းတွင်သာကျင်းပရန် အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သည့်ရက်သတ္တပတ် က ပြိုင်ပွဲတစ်ရပ်လုံးကို ဘာလီ သို့ ရွှေ့ပြောင်းကျင်းပရန်မဖြစ် နိုင်ကြောင်း၊ အစိုးရ၏ဆုံးဖြတ် ချက်ကို ပြောင်းလဲလာစေရန် ကြိုး ပမ်းသွားမည်ဖြစ်ကြောင်း MNC ထုတ်ဖော်ပြောကြား ခဲ့သည်။

သို့ရာတွင် တာနိုအဆိုအဒီဂျိုက အစိုးရ၏ ဆုံးဖြတ်ချက်ပြောင်း လဲမှုကို ကြိုးပမ်းရမည့်နောက်ဆုံး အချိန် ပင်ဖြစ်ကြောင်း၊ ပြိုင်ပွဲနေ ရာကို ပြောင်းရွှေ့ကျင်းပရခြင်း အပေါ် မနှစ်မြို့မိကြောင်း၊ ထိုသို့ လုပ်ဆောင်ခြင်းက အင်ဒိုနီးရှား ၏ဂုဏ်သတင်းကိုညှိုးမှိန်စေမည် သာဖြစ်ကြောင်း ပြောကြားခဲ့ သည်။

မီဒီယာသူဌေးကြီး တာနို အဆိုအဒီဂျိုသည် ဖောဘက်စ် မဂ္ဂဇင်း၏အဆိုအရ အမေရိကန် ဒေါ်လာ ၁ ဒသမရဘီလီယံ ချမ်း သာကြွယ်ဝကြောင်း သိရသည်။

လွန်ခဲ့သည့်နှစ်ကလည်း အစ္စလာမ္မစ်အစွန်းရောက်တို့၏ကန့်ကွက်မှုကြောင့် ဂျကာတာ တွင်ကျင်းပမည့် ကမ္ဘာကျော်ပေါ့ပ် စတား လေဒီဂါဂါ၏ဖျော်ဖြေပွဲကို အစိုးရက ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။

ကမ္ဘာ့အလှမယ်ပြိုင်ပွဲ ကို ဘာလီကျွန်းတောင်ဘက် နူဆာ ဂျူအာမြို့တွင် ကျင်းပမည်ဖြစ် သော်လည်း တာနိုအဆိုအဒီဂျို က အသေးစိတ်ကိုပြောကြားခဲ့ ခြင်း မရှိခဲ့ကြောင်း သိရသည်။

Yangon Media Group

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ