ယူနိုက်တက်နှင့်အတူ နောက်ထပ် အောင်မြင်မှုများ ရယူနိုင်ရန် ဗန်ပါစီ မျှော်လင့်

ဗန်ပါစီသည် ယခုအခါ အသက်(၃၀)အရွယ် ရှိနေပြီ ဖြစ်သော်လည်း အသင်းတွင် ကာလရှည်ကြာ ဆက်ကစားလိုကြောင်းလည်း ဖွင့်ဟခဲ့သည်။

မန်ချက်စတာ ယူနိုက်တက် အသင်းနှင့်အတူ အောင်မြင်မှု ဆုဖလားများစွာ ရယူသွားနိုင်ရန် မျှော်လင့်မိကြောင်း တိုက်စစ်မှူး ရော်ဘင်ဗန်ပါစီက ဖွင့်ဟခဲ့သည်။ ပြီးခဲ့သည့် ဘောလုံးရာသီ အစောပိုင်းက အာဆင်နယ်မှ ပေါင်စတာလင် (၂၄)သန်းဖြင့် ပြောင်းရွှေ့လာသည့် နယ်သာလန် လက်ရွေးစင်သည် ၎င်း၏ ယူနိုက်တက် ပွဲဦးထွက် ရာသီတွင်ပင် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရရှိခဲ့သည်။

ပြီးခဲ့သည့်ရာသီ ပရီးမီးယားလိဂ်၏ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုရှင် ကစားသမားက "ယူနိုက်တက်နဲ့အတူ ဆုဖလားတွေ ရယူနိုင်ဖို့ ဆိုတာက ကျွန်တော့်အတွက် အရာအားလုံး အဓိပ္ပါယ် သက်ရောက်ပါတယ်။ မနှစ်က ကျွန်တော်တို့ ဖလား(၄)လုံး ရနိုင်တဲ့ အခြေအနေမှာ (၁)လုံးပဲ ရခဲ့တယ်။ ခုတော့ ကျွန်တော်တို့ ဆန့်ကျင်ဘက် အခြေအနေ တစ်ရပ်ကို ကြည့်ရပါမယ်။ ဒီရာသီမှာ အသင်းဟာ ဆုဖလား (၅)လုံး ဆွတ်ခူးနိုင်မယ့် အခွင့်အရေး ရှိခဲ့တယ်။ ကွန်မြူနတီဒိုင်းကို ကျွန်တော်တို့ ရပြီးပြီ။ ကျွန်တော်တို့ အနေနဲ့ ဆုဖလား (၂)လုံး၊ (၃)လုံးလောက်တော့ ရသင့်တယ် ထင်ပါတယ်"ဟု ပြောကြားခဲ့သည်။

ဗန်ပါစီသည် ယခုအခါ အသက်(၃၀)အရွယ် ရှိနေပြီ ဖြစ်သော်လည်း အသင်းတွင် ကာလရှည်ကြာ ဆက်ကစားလိုကြောင်းလည်း ဖွင့်ဟခဲ့သည်။ ဗန်ပါစီသည် ယူနိုက်တက်နှင့် (၄)နှစ် စာချုပ်ထားခြင်းဖြစ်ပြီး လက်ရှိတွင် စာချုပ်သက်တမ်း ဒုတိယနှစ်အတွင်း ဝင်ရောက်နေပြီ ဖြစ်သည်။ ၎င်းက "ကျွန်တော့် စာချုပ်က (၃)နှစ် သက်တမ်း ရှိပါသေးတယ်။ ဒါပေမဲ့ ကျွန်တော်က အဲဒီထက်ကို အသင်းမှာ ကြာကြာ ဆက်နေချင်တာပါ။ ကျွန်တော့် ပတ်ဝန်းကျင်မှာ ဆုံးဖြတ်ချက် ချနိုင်တဲ့သူတွေ ရှိပါတယ်။ သူတို့ဟာ အတိတ်ကို ပြန်ကြည့်ပြီး ဒီလောက်နဲ့ ပြီးပြီလို့ ဆုံးဖြတ်တာမျိုး မဖြစ်စေချင်ဘူး။ ကျွန်တော့် စိတ်ဆန္ဒက အမြင့်ဆုံးအဆင့်မှာ ကြာနိုင်သမျှကြာကြာ ကစားဖို့ပါ"ဟု ပြောဆိုသွားသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ