ကမ္ဘာ့အရပ် အပုဆုံး အမျိုးသမီး ဟောလီးဝုဒ်တွင် ရုပ်ရှင်များ ရိုက်ကူးရန် ဆန္ဒရှိ ဟုဆို

လော့စ်အိန်ဂျလိစ် စက်တင်ဘာ  ၁၄

ကမ္ဘာ့ အရပ်အပုဆုံး အမျိုးသမီး ဂျိုတီအမ်ဂျီသည် ဟောလီးဝုဒ်တွင် ၎င်း၏ အရပ်ကြောင့် ကျော်ကြား လျက်ရှိပြီး ရုပ်ရှင်များ ရိုက်ကူး သွားရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဂျိုတီ၏ အရပ်သည် ၂၄ ဒသမ ၇ လက်မရှိပြီး ကိုယ်အလေးချိန်မှာ ၁၁ ပေါင်သာရှိကြောင်းနှင့် ယခုအခါ သူမသည် ဂင်းနစ် မှတ်တမ်း ၂ဝ၁၄ စာအုပ်တွင် မှတ်တမ်း တင်ရန်အတွက် နယူး ယောက်မြို့သို့ သွားရောက် လျက်ရှိကြောင်း သိရသည်။

ဂျိုတီ၏ မွေးရပ်ဇာတိမှာ  အိန္ဒိယနိုင်ငံ နန်ပူအာ ဒေသဖြစ်ပြီး သူမသည် achondroplasia ဟုခေါ်သော အရိုးနုနှင့် အရိုးအတွင်း ချို့ယွင်းမှုကြောင့် ခြေနှင့်လက်ရှိ အရိုးများ ပုံမှန်အတိုင်း မကြီးထွားသည့် မျိုးရိုး လိုက်သော ရောဂါဖြင့် မွေးဖွားလာသူ တစ်ဦးဖြစ်သည်။ သူမ၏ အရပ်သည် ယခု ထက်ပို၍ ရှည်လာမည် မဟုတ်ကြောင်း သိရသည်။ 

မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ