မန်နေဂျာအား အချိန်ပို လုပ်အားခ မပေးဘဲ ခိုင်းစေမှုဖြင့် လေဒီဂါဂါ တရား ရင်ဆိုင်ရမည်

လော့စ်အိန်ဂျလိစ်   စက်တင်ဘာ   ၁၅

လေဒီဂါဂါ၏ မန်နေဂျာဖြစ်သူ ဂျနီဖာအိုနေးလ်သည် ၎င်း၏ လုပ်အားခနှင့် ပတ်သက်၍ တရားစွဲဆို ခဲ့မှုကြောင့် လေဒီဂါဂါ အနေဖြင့် တရား ရင်ဆိုင်ရမည် ဖြစ်ကြောင်း သိရသည်။ ဂျနီဖာအိုနေးလ်က မိမိသည် လေဒီဂါဂါအတွက် တစ်ပတ်လျှင် ခုနစ်ရက်၊ တစ်ရက်လျှင် ၂၄ နာရီပတ်လုံး အလုပ်လုပ် ပေးရသော်လည်း   အချိန်ပို လုပ်အားခကို တစ်ကြိမ် တစ်ခါမျှ မရရှိ ခဲ့ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

လေဒီဂါဂါသည် ဂျနီဖာအား ၂၀၀၉ ခုနှစ် အစောပိုင်းတွင် လုပ်အားခ အမေရိကန် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်း ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့နောက် နောက်နှစ်တွင် အမေရိကန် ဒေါ်လာ ၇၅၀၀၀ဖြင့် ဆက်လက် လုပ်ကိုင်ခဲ့ကြောင်း၊ လေဒီဂါဂါသည် ခရီး သွားချိန်တွင်လည်း အချိန်မရွေး လေဒီဂါဂါ လိုအပ်သမျှကို ဖြည့်ဆည်း ပေးနိုင်ရန် ကိုယ်ပိုင်ဟိုတယ် အခန်းငှား ရမ်း ခွင့်မရှိဘဲ လေဒီဂါဂါ နှင့်အတူ တစ်ခန်းတည်း နေရကြောင်း ဂျနီဖာက ထွက်ဆိုခဲ့သည်။

ထို့ပြင် လေဒီဂါဂါသည် ညလုံးပေါက် ရုပ်ရှင် ဇာတ်ကားများ ကြည့်တတ်သူဖြစ်ပြီး DVD တစ်ချပ်နှင့် တစ်ချပ် လဲရာတွင် ညဥ့်နက် သန်းခေါင်ဖြစ်စေ ဂျနီဖာအားနှိုး၍ လဲခိုင်းတတ် သူဖြစ်ကြောင်း၊ လေဒီဂါဂါသည် သူမအား အာဏာရှင် တစ်ဦးကဲ့သို့ ဆက်ဆံ ပြုမူကြောင်း လေဒီဂါဂါ၏  အပြုအမူ အချို့ကို ဂျနီဖာက ပြောပြခဲ့သည်။ တရားရုံး ကြားနာ စစ်ဆေးမှုကို နိုဝင်ဘာ ၄ ရက်တွင် စတင် စစ်ဆေး သွားမည်ဟု သိရသည်။

မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ