လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် သားအိမ်ကင်ဆာဖြစ်ပွားမှုအန္တရာယ် လျှော့ချနိုင်

သားအိမ်ကင်ဆာဖြစ်ပွား မှုအန္တရာယ်ကို လေ့ကျင့်ခန်းလုပ် ခြင်း၊ အစားအစာရွေးချယ်စား သုံးခြင်းနှင့် ကော်ဖီသောက်သုံး ခြင်းတို့ဖြင့် လျှော့ချနိုင်ကြောင်း သုတေသနတစ်ခုတွင် ဖော်ပြထား သည်။

ယူကေတွင် တစ်နှစ်လျှင် သားအိမ်ကင်ဆာဖြစ်ပွားမှုအ ရေအတွက်အားလုံး၏ထက်ဝက် ခန့် ၃၇၀ဝကို သွယ်လျတက်ကြွ အောင်နေထိုင်ခြင်းဖြင့် တားဆီး နိုင်ကြောင်း အချက်အလက်များ ကို သုံးသပ်ရာမှ တွေ့ရှိခဲ့သည်။ အမျိုးသမီးများသည် နေ့စဉ်ကာ ယလေ့ကျင့်ခန်းအနည်းဆုံး မိနစ် ၃ဝကြာပြုလုပ်ခြင်း၊ ကျန်းမာရေး နှင့်ညီညွတ်သောကိုယ်အလေး ချိန်ကိုထိန်းသိမ်းခြင်းဖြင့် သား အိမ်ကင်ဆာဖြစ်ပွားမှုအန္တရာယ် ကိုလျှော့ချနိုင်သည်ဟု လန်ဒန် ရှိ Imperial College မှ သုတေ သီများက ပြောကြားခဲ့သည်။

ကော်ဖီသည်လည်း အဆို ပါ ကင်ဆာအန္တရာယ်ကို လျှော့ ချနိုင်သည်ဟု World Cancer Research Fund အဖွဲ့က အစီ ရင်ခံခဲ့သည်။ သို့သော်လည်း ကော် ဖီသောက်ခြင်းက ရောဂါကိုကာ ကွယ်နိုင်သည်ဟု ထောက်ခံချက် ပေးရန်အထိ လုံလောက်သောအ ထောက်အထားမရှိသေးဟု ကျွမ်း ကျင်သူများက ပြောကြားခဲ့သည်။

သားအိမ်အနားစွန်းကင် ဆာသည် ယူကေ၌ အမျိုးသမီး များတွင်ဖြစ်ပွားသော ကင်ဆာ အားလုံးတွင် စတုတ္ထမြောက်အ ဖြစ်များဆုံးဖြစ်သည်။

၂၀၀ရ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာလုံးဆိုင် ရာလေ့လာမှုတွင် Imperial College မှ သုတေသီများသည် အ ချက်အလက်များစုစည်း၍ အဆို ပါကင်ဆာဆိုင်ရာသုတေသန ကို သုံးသပ်ခဲ့ကြပြီး အစားအစာ၊ ကာယလှုပ်ရှားမှုနှင့် ကိုယ်အလေး ချိန်တို့နှင့် ဆက်စပ်ကြည့်ခဲ့သည်။ အမျိုးသမီးများသည် တစ်နေ့ လျှင် ၃၈ မိနစ်ခန့် သွက်လက် တက်ကြွစွာ ကိုယ်လက်လှုပ်ရှား ပြီး ကျန်းမာရေးနှင့်ညီညွတ်သော ကိုယ်အလေးချိန်ကိုထိန်းသိမ်းပါ က သားအိမ်ကင်ဆာရောဂါ ၃၇၀၀ ကို ကြိုတင်ကာကွယ်နိုင် ကြောင်း လေ့လာမှုက အထောက် အထားများတွေ့ရှိခဲ့သည်။

ယူကေတွင် အမျိုးသမီးများ ၏ ၅၆ ရာခိုင်နှုန်းက တစ်ပတ် လျှင် ငါးရက်၊ တစ်နေ့လျှင် ကိုယ် လက်လှုပ်ရှားမှုအနည်းဆုံးမိနစ် ၃ဝလုပ်ရန် ထောက်ခံညွှန်ကြား ချက်များကို လိုက်နာပြီး ၃၉ရာ ခိုင်နှုန်းသာ ကျန်းမာရေးနှင့်ညီ ညွတ်သောကိုယ်အလေးချိန်ရှိ ကြသည်။ ''ရှင့်မှာ ကာယပိုင်းသွက် လက်တက်ကြွပြီး ကိုယ်အလေး ချိန်လဲ မပိုဘူးဆိုရင် သားအိမ် ကင်ဆာအန္တရာယ်ကို လျှော့ချနိုင် ပြီး အထွေထွေကျန်းမာရေးလဲ တိုးတက်နိုင်ပါတယ်''ဟု ဦးဆောင် စာတမ်းရေးသားသူ ထရေဇာနို ရက်က ဘီဘီစီသို့ ပြောကြားခဲ့ သည်။

ဗြိတိန် ၊ စက်တင်ဘာ(၁၂) ၊ Ref-AFP
Yangon Media Group

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ