ဓာတ်ဆီနဲ့ လက်ဆေးပြီး ဆေးလိပ်မီးညှိသောက်သူ မီးလောင်သေဆုံး

ရန်ကုန်တိုင်းဒေသကြီး လှော်ကားမြို့နယ်၌ စက်တင်ဘာ ၁ဝ ရက်က သံပန်းများကို သင်္ဘောဆေး သုတ်ပြီး ပေကျံနေသောလက်ကို ဓာတ်ဆီဖြင့် ဆေးကြောခဲ့သည်။ ထို့နောက် ဆေးလိပ် သောက်ရန်အတွက် ဂက်စ်မီးခြစ်ကိုခြစ် မိရာမှ မီးစွဲလောင်ပြီး သေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ သေဆုံးသူ ကိုသက်နောင် အသက် ၂၄ နှစ်ဖြစ်ပြီး ရွှေပြည်သာ မြို့နယ် ကျောင်းကုန်း(န) ရပ်ကွက် နှင်းဆီလမ်းတွင် နေထိုင်ကာ သံချည်သံကွေး လုပ်ကိုင်သူ ဖြစ်သည်။

နေအိမ်ရှိ သံပန်းများကို သင်္ဘော ဆေးသုတ်ပြီး ပေကျံနေသောလက်ကို ဓာတ်ဆီဖြင့် ဆေးကြော၍ ဆေးလိပ် သောက်ရန်အတွက် ဂက်စ်မီးခြစ် ကိုခြစ်မိရာမှ မီးစွဲလောင်ခံရပြီး မျက်နှာ၊ ရင်ဘတ်၊ လက်နှစ်ဖက် တို့၌ မီးလောင်ဒဏ်ရာများ ရရှိကာ အင်းစိန် ဆေးရုံ၌ ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသူ၏ အလောင်းကို အင်းစိန် ဆေးရုံမှ ပီအာရ်-၁ဝ ဖြင့် လက်ခံကာ လှော်ကားမြို့နယ် ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၁၄/၁၃ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိ သည်။

မြ၀တီ


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ