ပညာတတ်ပြီး သိက္ခာရှိတဲ့ အမျိုးသမီး တစ်ယောက် ဖြစ်ချင်တယ်ဆိုတဲ့ ထက်ထက်ထွန်း

ပညာတတ်ပြီး သိက္ခာရှိတဲ့ အမျိုးသမီး တစ်ယောက် ဖြစ်ချင်တယ်ဆိုတဲ့ ထက်ထက်ထွန်းမဟော်ဂနီနဲ့ ငါးနှစ်စာချုပ် ချုပ်ထားတဲ့ ထက်ထက်ထွန်းကို ဒီတစ်ပတ် 8days  Cover အဖြစ် ရွေးချယ် ခဲ့ပါတယ်။ သူ က ၂၀၁၀ ခုနှစ်မှာ Prince & Princess ဂမုန်းပွင့်ကနေ ဆုရခဲ့သလို ၂၀၁၁ ခုနှစ်မှာ Miss လပြည့်ဝန်းဆု Best Style & Best Talent ပွဲမှာလည်း Miss Dell ဆုတွေရရှိ ထားသူတစ် ယောက်ဖြစ် ပါတယ်။ ခုလက်ရှိမှာ တော့ သူက မဟော်ဂနီ ရုပ်ရှင်ထုတ် လုပ်ရေးရဲ့ ရည်းစားဦး ရုပ်ရှင် ကားမှာ အလင်းရောင်၊ သဉ္ဇာနွယ်ဝင်း တို့နဲ့ အတူ ပါဝင် သရုပ်ဆောင်လျက် ရှိ ပါတယ်။

မး။   ။ ပြိုင်ပွဲတွေမှာဆုရခဲ့ပေမယ့် အနုပညာလှုပ်ရှားမှု အနေနဲ့ ကျဲနေ သလားလို့။

ဖြေ။   ။ ဆုရပြီးနောက်ပိုင်း မဟော် ဂနီနဲ့ စာချုပ်ချုပ်ပြီး ရိုက်ဖြစ်တယ်။ ကားရိုက် နေတာကြောင့် ဒီဘက်က ဂျာနယ်တွေနဲ့ မဆုံဖြစ်တာလည်း ပါပါတယ်။ ခုတော့ ဂျာနယ်တွေ မဂ္ဂဇင်းတွေ အတွက် ဓာတ်ပုံပြန်ရိုက် ပေးဖြစ်နေပါပြီ။

မေး။ ။ ပြိုင်ပွဲတွေက ကိုယ့်ကို ဘယ်လို အတွေ့အကြုံတွေရစေလဲ။

ဖြေ။  ။ လူတွေကို ကြောက်တတ် တဲ့ စိတ်မရှိတော့ဘူး။ သတ္တိရှိလာ တယ် ပြောရမှာပေါ့။ သရုပ်ဆောင် တစ်ယောက်အ နေနဲ့ ကိုယ့်ရဲ့ အား နည်းချက် လိုအပ်ချက်တွေ သိသိ လာတယ်။ အရင်တုန်းကပွဲတွေမှာ စင်ပေါ်တက်ဖူးပေမယ့် ယှဉ်ပြိုင်ရ တဲ့ ပွဲမျိုးမဟုတ်တော့ စိတ်ထဲမှာ ခံ စားချက်ခြင်း မတူဘူး။

မေး။   ။ ထက်ထက်ထွန်း စိတ်ဝင် စားတဲ့ဖက်ရှင် ဆိုရင်ရော..

ဖြေ။   ။ ခေတ်နဲ့လိုက်ပြီး ပြောင်း လဲဝတ်ဆင်တာမျိုးတော့ မရှိဘူး။ ကိုယ်နဲ့လိုက်တယ်ဆိုရင် ဘာမဆို ဝတ်တယ်။

မေး။   ။ ထက်ထက်ထွန်း ကိုမြင်ရ ရင် ရိုက်ကွင်းတွေပေါ်မှာ တစ် ယောက်တည်း ပဲနော်။

ဖြေ။   ။ ညီမက ကိုယ်ဘာသာ ကိုယ်လုပ်ရတာ ပိုသဘော ကျတယ်။ ညီမဝမ်းကွဲလေး အားရင်တစ်ခါ တလေလိုက်ပေး ပါတယ်။ အမေက လည်း အိမ်မှုကိစ္စတွေနဲ့ ရှုပ်နေတာဆိုတော့ ကိုယ့်အလုပ်ကြောင့် အိမ်ကို ဒုက္ခမပေးချင်ဘူး။ ကိုယ်တစ်ယောက်တည်း လုပ်နိုင်တယ်ထင်လို့ တစ်ယောက်တည်း လာတာပါ။

မေး။  ။ အဲဒီလိုနေရတာ ကိုယ့်ကို ဘယ်လို အတွေ့အကြုံရစေလဲ။

ဖြေ။ ။ ပြောရမယ်ဆိုရင် ဂမုန်း ပွင့်စပြိုင် ကတည်းက တစ်ယောက် တည်းပဲ ပွဲလာတယ်။ ပြီးရင် တစ် ယောက်တည်း ဆုပိုက်ပြီး အိမ်ပြန် တာပဲ။ နောက်ဆုံး Dell ပွဲတစ်ပွဲ သာ ပါပါးနဲ့ အစ်မတွေလာကြည့် တယ်။ ငါဒီလိုလုပ်နိုင်လိုက်လေခြင်း ဆိုတဲ့ ပီတိက အရမ်းပျော်တယ်။

မေး။ ။ မိဘတွေက ဒီအလုပ်ကို အားမပေး တာလား။

ဖြေ။   ။ မိဘတွေရဲ့ အားပေးမှုက ၅၀/၅၀ လောက်ပဲရှိတယ်။ အရင် က ဒီအလုပ်ကို ညီမတစ်ယောက် တည်း လုပ်လာတယ်။ အားလည်း မပေး သလို တားလည်း မတားဘူး။ ကြိုက် ရင်လုပ်၊ ကျေနပ်ရင်လုပ်။ ဒါပေမဲ့ ကိုယ့်ရဲ့နေထိုင်မှုပုံစံအတွက်၊ ဆုံးမ စကားတော့ ပြောပေးတာ ပေါ့။ ဒါပေမဲ့ ခုစာချုပ် ချုပ်ပြီးကား ရိုက်တာတွေရှိလာတော့ အမေက နယ်တွေ ဆိုရင်လိုက်ပေး ပါတယ်။ စာချုပ်ထဲမှာ အမေ အကြိုက်ဆုံး အချက်က ငါးနှစ်မပြည့်မချင်း အိမ် ထောင်မပြု ရဘူးဆိုတဲ့ အချက်တဲ့။

မေး။   ။. ဒီအလုပ်နဲ့ ပတ်သက်ပြီး ကြီးကြီးမားမား အခက်အခဲရှိလား။

ဖြေ။   ။ အရင်က တစ်ယောက် တည်းလာပြီး တစ်ယောက်တည်း ပြိုင်ရတာဆိုတော့ စိုးရိမ်စိတ်တော့ ဖြစ်မိတာပေါ့။

မေး။ ။ ထက်ထက်ထွန်း ဖြစ်ချင်တဲ့ အနုပညာရှင် ဆိုတာ ဘယ်လိုမျိုးလဲ။

ဖြေ။   ။ အနုပညာရှင် ဆိုတာဘာ လဲ လူတွေကို တကယ်ချပြနိုင်မှတ ကယ့်အနုပညာရှင်ပါ။ တကယ့်အနု ပညာရှင် အစစ်ဆိုတာမျိုးကို နိုင်ငံ တကာနဲ့ ယှဉ်ပြီး ပြသခွင့်ရမယ် ဆိုရင် လုပ်ပြချင် ပါတယ်။

မေး။   ။ နောင်သုံးနှစ်အကြာမှာ ဘယ်လို လူမျိုးဖြစ်ချင်လဲ။

ဖြေ။   ။ ခုက အရင်ထက်စာရင် ကိုယ့်ကိုယ်ကိုယ် ရင့်ကျက်လာပြီ ထင်တယ်။ နောင် သုံးနှစ်ကြာရင် ဒီထက်ပို တည်ငြိမ်ရင့်ကျက်ပြီး အိမ် ကိုဒုက္ခမပေးတဲ့သူ မိဘတွေကို ပြန် ပြီးထောက်ပံ့ပေးနိုင်တဲ့သူဖြစ်ချင် တယ်။ ကျောင်းနားထားတာလည်း ပြန်ဖြေချင်တယ်။ သရုပ်ဆောင် သက်သက် တစ်ခုတည်းမဟုတ်ဘဲ ပညာတတ် သိက္ခာရှိတဲ့ အမျိုးသမီး သရုပ်ဆောင် တစ်ယောက်ဖြစ်ချင် တယ်။ 

မေသက်

By 8 Days

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ