အမည်မသိအမျိုးသားမှ ဈေးဆိုင်အတွင်းဝင်ရောက်ကာ ချွန်ထက်သောအရာဖြင့် ထိုး၍ ဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၁၁

၁၀.၉.၂၀၁၃ရက်နေ့ ၂၁၃၀အချိန်ခန့်တွင် တောင်ဥက္ကလာပမြို့နယ်နေ ဒေါ်ခိုင်သဇင်မျိုးသည် အတူနေ အစ်မဖြစ်သူ ဒေါ်မြင့်မြင့်ရှိန်နှင့်အတူနေ အိမ်အောက်ထပ်ရှိ ၎င်းတို့ ပိုင်စတိုးဆိုင်တွင်ရှိနေစဉ် မြန်မာ အမျိုးသား ပုံသဏ္ဍာန်၊ အသက်(၅၀)နှစ်ခန့်ရှိ လူတစ်ဦး ရောက်ရှိလာပြီး အချိုရည်ဗူးနှင့် ကလေးကစားစရာ အရုပ်ဝယ်ယူလိုကြောင်း ပြောဆိုသဖြင့် ဒေါ်ခိုင်သဇင်မျိုးမှ အချိုရည်ဗူးသွားယူနေစဉ်
အဆိုပါအမျိုးသားမှ ကောင်တာတွင်ထိုင်နေသည့် အစ်မဖြစ်သူ ဒေါ်မြင့်မြင့်ရှိန်အား အသင့်ယူဆောင်လာသော ပလပ်စတစ်အိတ်ဖြူဖြင့် ပတ်ထားသည့် ချွန်ထက်သော အရာဖြင့် ထိုး၍ ထွက်ပြေးသွားကြောင်း၊ ဒေါ်ခိုင်သဇင်မျိုးမှ သူခိုးဟုအော်ပြီးနောက်မှလိုက်စဉ် ဆိုပါသူမှာ ခေါင်းရင်း(၃)အိမ်ကျော်ခန့်၌ ရပ်ထားသည့် အမှတ်မသိ ဗင်အဖြူရောင်ယာဉ်ပေါ်သို့ တက်ကာမောင်းနှင်ထွက်ပြေးသွားကြောင်း၊ အစ်မဖြစ်သူဒေါ်မြင့်မြင့်ရှိန်တွင် ၀ဲ/ယာရင်အုံအောက်တွင်ထိုးသွင်း ဒဏ်ရာ(၂)ချက်၊ ၀ဲဂျိုင်းအောက်တွင် ထိုးသွင်းဒဏ်ရာ(၁)ချက်တို့ ရရှိကာ သင်္ဃန်းကျွန်း စံပြဆေးရုံကြီးတွင် အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် တက်ရောက်ကုသနေရသောကြောင့် ဒေါ်ခိုင်သဇင်မျိုးမှ စုံစမ်းအရေးယူ ပေးပါရန်တိုင်တန်းခဲ့၍ တောင်ဥက္ကလာပမြို့မရဲစခန်း (ပ) ၃၃၆/၂၀၁၃၊ ပုဒ်မ ၃၂၆ ဖြင့်အမှုဖွင့်ပြီး တရားခံအား ဖော်ထုတ်
ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ