အဆိုတော် ခင်စုစုနိုင် နှင့်တွေ့ဆုံခြင်း

မယ်လိုဒီဝေါ ၂၀၀၈ခုနှစ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ယင်းပြိုင်ပွဲတွင် တတိယဆုရရှိပြီး နောက်ပိုင်းတွင် 'ဒီတစ်ခါမခွဲတော့ဘူး'၊ 'ငါ့ဘဝ ငါ့အိန်ဂျယ်'သီချင်းဖြင့် ပရိသတ်ရင်ထဲသို့ရောက် ရှိလာပြီး ဂီတလောကတွင် နေရာတစ်နေရာရရှိလာပြီဖြစ်ကာ ယခုအခါတွင် တစ်ကိုယ်တော် စီးရီးအား ထွက်ရှိပြီး'ချစ်မြဲတိုင်းချစ်မယ်'သီချင်းမှာထပ်မံပြီး လူကြိုက်များလာခဲ့ပုံနှင့်ပတ်သက်ပြီး အောက်ပါ အတိုင်း မေးမြန်းဖြစ်ခဲ့ပါတယ်။

မေး - 'ချစ်မြဲတိုင်းချစ်မယ်'စီးရီးခွေထဲမှာ Title သီချင်းလေးက ပရိသတ်ထဲမှာ ရေပန်းစား နေတယ်နော်။ ဘယ်လိုခံစားရလဲ။

ဖြေ - ဒီသီချင်းကို အစ်မွှငအူန ပေးဖြစ်တာ ကလည်း ဒီသီချင်းလေးက ပရိသတ်အတွက်အ ဆင်ပြေမယ်ဆိုပြီး Title ပေး ဖြစ်တာပေါ့ နော်။ အဲဒီသီချင်းက ကော်ပီသီချင်းလေးပေါ့။ ကိုအာခိုင်ရေးပေးတာ၊ အဲဒီသီချင်းလေး စပြီး ရတယ်ဆိုကတည်းက အဓိပ0x081ပာယ်ရှိတဲ့သီချင်း လေးပေါ့။ နောက်ပြီးတော့ တော်တော်များ များနဲ့လည်း တိုက်ဆိုင်မယ်လို့ထင်ပါတယ်။ အဲဒီ သီချင်းလေးက ချစ်သူကို အားပေးတဲ့သီချင်း ပုံစံလေးပေါ့။ ပရိသတ်တွေက စီးတီး FM က တောင်းတာမျိုးတွေရှိတော့ ပျော်ပါတယ်။

မေး - ကိုယ်ရပ်တည်မယ့်နေရာတစ်ခုရဖို့ ဘယ်လောက်အထိ မျှော်လင့်ထားလဲ။

ဖြေ - ခင်စုစုနိုင်က ပထမတုန်းက 'ငါ့ဘဝ ငါ့အိန်ဂျယ်'နဲ့ ပရိသတ်တော်တော်များများ ပေါ့နော်။ နယ်ကပရိသတ်တွေရောပဲ တော်တော် များများ လက်ခံကြတယ်။ အဲဒီအတွက် ပျော် တယ်။ အခု အစ်မစီးရီးကတော့ အိပ်မက်တစ်ခု လိုမျိုးပေါ့နော်။ အိပ်မက်တစ်ခုဆိုတာ ကိုယ်မျှော် လင့်တဲ့အရာတစ်ခုပေါ့နော်။ အော်ဒီယိုစီဒီက တည်းက ပရိသတ်က စီးရီးတိုင်တယ်သီချင်း လေးရော၊ တခိျု့သီချင်းလေးတွေကိုလည်း ပရိသတ်ကြိုက်နှစ်သက်ကြတယ်။ အဲဒါကြောင့် အော်ဒီယိုစီဒီကတည်းက သီချင်းလေးတွေက ပရိသတ်အကြိုက်နဲ့ ထပ်တူကျတယ်ဆိုတော့ အတိုင်းမသိ ပျော်ပါတယ်။

မေး - အော်ဒီယိုစီဒီမှာကတည်းက အဲဒီအခွေ ကို အားပေးတယ်။ အဲဒီအတွက် ဒီဗီဒီကာရာအို ကေထွက်ဖို့အတွက် အားတစ်ခုဖြစ်စေခဲ့သလား။

ဖြေ - ဒီဗီဒီကာရာအိုကေ တစ်ခါတည်း ထွက်ဖို့ပဲ ဒါပေမဲ့ နည်းနည်းသုံးပုဒ်လောက် ကျန်တော့ မထွက်ဖြစ်လိုက်ဘူး။ အချိန်လည်း အတော်နောက်ကျနေမှာစိုးလို့ဆိုပြီး အော်ဒီ ယိုအနေနဲ့ အရင်ထွက်ဖြစ်တာ။ ပြောမယ် ဆိုရင် နယ်ကပရိသတ်တော်တော်များများက ကာရာအိုကေပါမှ ကြိုက်ကြတယ်။ တခိျု့ တောင်ငူဘက်တို့၊ တခြားနယ်ဘက်တွေမှာ လိုင်းကားတွေမှာလည်း တော်တော်များများ ဖွင့်ကြပါတယ်။ တခြားနောက်ခံ Background လေးတွေနဲ့ ဖွင့်ကြတယ်၊ နားဆင်တယ်၊ အား ပေးတယ်ဆိုတော့ ပြောရမယ်ဆိုရင် တော်တော် ပျော်ပါတယ်။

မေး - ပထမဆုံးစီးရီးအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက် ယုံကြည်မှုရှိလဲ။

ဖြေ - ပထမဆုံး ကိုယ့်ရဲ့တစ်ကိုယ်တော် စီးရီးဖြစ်ပေမယ့်လို့ အရှေ့မှာလည်း မယ်လိုဒီဝေါ ကနေ ပရိသတ်ကြိုက်မယ့်သီချင်းတွေဆိုဖြစ် တယ်။ City FM မှာက'ငါ့ဘဝငါ့အိန်ဂျယ်'ပေါ့နော်။ မယ်လိုဒီဝေါကအခွေမှာကျတော့ 'ဒီတစ်ခါမခွဲတော့ဘူး'သီချင်းတွေ ဆိုထား တယ်။ ပရိသတ်ကလည်း လက်ခံအားပေး တယ်ဆိုတော့ အခုပထမဆုံးအယ်လ်ဘမ်ကို ယုံကြည်ချက်ရှိရှိနဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည် လို့လည်း ထွက်ဖြစ်တာပေါ့နော်။ နောက်ပြီးကျ တော့ သီချင်းလည်း သိပ်ဆိုချင်တော့၊ ကိုယ် ကိုယ်တိုင်လည်း ကြိုစားပြီးတော့ဆိုတယ်။ အဲဒီအတွက် အစ်မ ကိုယ်ဝါသနာပါလို့လုပ်တဲ့ လုပ်ရပ်တစ်ခုလို့ အဲဒီလိုပဲ ယုံကြည်ထားပါတယ်။

မေး - အောင်မြင်ဖို့အတွက် ဘယ်လောက် မျှော်မှန်းထားလဲ။

ဖြေ - အချိန်တစ်ချိန်ထိတော့ ပရိသတ် ရင်ထဲရောက်ဖို့ကို စောင့်ရမယ်လို့တော့ ကိုယ့် ကိုယ်ကိုယ် မျှော်လင့်တယ်။ ဒီထက်မက ပရိ သတ်တွေ ပိုအားပေးမယ့်အချိန်ကိုလည်း စောင့် မျှော်နေပါတယ်။ ကိုယ်ကိုယ်တိုင်ကလည်း အများကြီး ကြိုစားနေပါတယ်၊

မေး - ဘယ်လိုအကြောင်းတွေက  ဂီတလော ကထဲရောက်အောင် တွန်းပို့ခဲ့တာလဲ။

ဖြေ - အရင်တုန်းကတော့ ကျောင်းတက် တယ်။ ကွန်ပျူတာတက်တယ်။ သီချင်းဆိုတာ ကိုတော့ ဝါသနာပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ် ကိုယ် အဆိုတော်ဖြစ်မယ်လို့ မထင်ထားဘူး ပေါ့။ ပြီးတော့မှ မယ်လိုဒီဝေါပြိုင်ပွဲမှာ ဝင်ပြိုင် တယ်။ အဲဒီမှာ နဂိုကတည်းက သီချင်းဆိုတာ ဝါသနာပါတဲ့သူဆိုတော့ အဲဒီပြိုင်ပွဲမှာပဲ အဆို တော်တစ်ဦးဖြစ်ဖို့ ပိုးဝင်သွားတာပေါ့နော်။ သီချင်းကို တအားလည်း နားထောင်တယ်။ တအားလည်းဆိုတယ်။ ဒါပေမဲ့ ကိုယ့်မှာ ကျော ထောက်နောက်ခံတို့၊ အိမ်ကလည်း အားမပေး တော့လေ မယ်လိုဒီဝေါမှာပြိုင်တော့ ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှုရှိလာတယ်။

မေး - အသစ်တစ်ဦးအနေနဲ့ ပရိသတ်သိအောင်  ကိုယ့်ရဲ့လုပ်ဆောင်မှုတွေကို ဘယ်လိုချပြမလဲ။

ဖြေ - ခင်စုစုနိုင် ၂၈ရက်နေ့မှာ ဂျန်းရှင်းစကွဲမှာ ပရိုမိုးရှင်းလုပ်ဖို့ရှိတယ်။ ပထမဦးဆုံးအခွေဝယ် ယူသူသုံးရာကို တီရှပ်လေးတွေနဲ့ ဝေါရှိလက် ဆောင်ပေးမယ်။ ၂၉ရက်နေ့ကျရင် ဗစ်တိုးရီး ယား လှိုင်သာယာမှာ သီချင်းဆိုမယ်။ ပထမဦးဆုံး ဝယ်ယူတဲ့သူ ၃ဝဝကို တီရှပ်နဲ့ ဝေါရှိပေးမယ်။

[ ရတနာ -တွေ့ဆုံမေးမြန်းသည် ]

Yangon Media Group

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ