အာရှနိုင်ငံကလေးများ ရုပ်ရှင်ပွဲတော်နှင့် လူငယ်ဒါရိုက်တာ သုံးဦး၏စကားသံ

၂ဝ၁၃ ခုနှစ်၊ အာရှနိုင်ငံ တကာ ကလေးများရုပ်ရှင်ပွဲတော် အတွက် အနိုင်ကျင့်ခြင်း (Tease) ဆိုသည့် ခေါင်းစဉ် အောက်၌ မြန်မာနိုင်ငံ ကိုယ်စားပြု လူငယ် ဒါရိုက်တာများ၏ဇာတ်ကား၇ကားကို ပါဝင် ယှဉ်ပြိုင်ခဲ့ရာ ၇ကားထဲမှ ၃ ကားကို ရွေးချယ်ခံခဲ့ရသည်။ ရွေးချယ်ခံရသူများတွင် ယောက်ျားလေးတစ်ဦး၊ မိန်း ကလေးနှစ်ဦးပါဝင်ခဲ့ပြီး သုံးဦးစ လုံးမှာ Laurel Art Academy  မှ သင်တန်းသားများဖြစ်သည်။ သူတို့သုံးဦးအနေဖြင့် နိုဝင်ဘာ ၃ဝ ရက်နေ့၊ ဂျပန်နိုင်ငံ၊ မီနာမိအာဝရှိမြို့သို့ ရုပ်ရှင်ပွဲတော် အတွက် သွားရောက်ရမှာဖြစ် ပြီး ၎င်းတို့သုံးဦးအပြင်အဖွဲ့ ခေါင်းဆောင်တစ်ဦးနှင့်အဖွဲ့ ဝင်ကိုးဦးတို့ သွားရောက်ကြရ မည်ဖြစ်သည်။ လူငယ်ဒါရိုက် တာသုံးဦးမှာ အသက် ၁၆၊ ၁၇ ဝန်းကျင် ကလေးများဖြစ်သော ကြောင့် သူတို့ ဂျပန်နိုင်ငံသို့ မသွားခင်ကြိုတင်ပြင်ဆင်မှု အပိုင်း၊ကြိုးစားရိုက်ကူးမှုအ ပိုင်း၊အနုပညာအပေါ်ထား သည့်ခံယူချက်၊ အနာဂတ်ရည် ရွယ်ချက်များနဲ့ ပတ်သက်ပြီး…

မသီရိမေ (ပထမဆု)
အခွင့်အရေးချိုး ဖောက်ခံရခြင်း၏ လွှမ်းမိုးမှု
(Pramineence of Aggrieve -ment))

” အစကတော့ အတွေ့ အကြုံအရဆိုပြီးဝင်ပြိုင်တာပါ။ ဆုရဖို့ကိုဘယ်လိုမှမှန်းမထားဘူး။ ဆုရသွားတော့ ပြောမပြတတ်အောင် ပျော်သွားခဲ့တယ်။ ပထမဆုံးလုပ်လိုက်တဲ့ အလုပ်တစ်ခု က ပထမဆုရခဲ့တယ်ဆို တော့လေ။ ဂျပန်နိုင်ငံရောက် ရင် အဆင်ပြေအောင်အတွက် ဂျပန်လိုအသင့်အတင့်လေး ပြောနိုင်အောင်လေ့လာနေ တယ်။နော က်ပြီးတော့ ဟိုမှာ မြန်မာအကလေးတွေနဲ့ဖျော် ဖြေဖို့ သူငယ်ချင်းတွေနဲ့ အက တိုက်နေတယ်။အနုပညာကို ငယ်ငယ်လေးကတည်းက ဝါသ နာပါခဲ့တာပါ။ ဒါရိုက်တာ ပိုင်းရော၊သရုပ်ဆောင်ပိုင်း မှာပါ ဆက်လက်ကြိုးစားသင်ယူ သွားမယ်။ကြိုးစားမှုပိုင်းကို လည်းအသိအမှတ်ပြုပေးစေ ချင်ပါတယ်”

မောင်အောင်လှိုင်မျိုးမင်း (ခ) ဘလိတ် (ဒုတိယဆု)
ဝေဒနာ၏ပဲ့တင်သံ
(Repercussion of Agony)

ကျွန်တော်က အနုပညာကို တအားဝါသနာပါတယ်။ သရုပ်ဆောင်၊ သီချင်းဆိုတာက အစဒီဇိုင်းလုပ်တာအဆုံး အကုန်ဝါသနာပါတယ်။ Laurel သင်တန်းကျောင်းဖွင့် လိုက်တော့ ကျွန်တော် လုပ်ချင် တာ၊ ဖြစ်ချင်တာနဲ့ ကွက်တိဖြစ် သွားခဲ့တယ်။အဲဒီမှာ သင်တန်း တက်ရင်းနဲ့မှ ဒီပြိုင်ပွဲအကြောင်း သိရတာ။ဆရာတွေက ပြိုင်မှာ လား ဆိုပြီးတော့ အားပေးကြ တယ်။ဝင်ပြိုင်တဲ့အချိန်မှာ လည်း အကြံဥာဏ်တွေပေးကြပါ တယ်။ဒီလိုနဲ့ ထင်မှတ်မထား တာတွေ ဖြစ်လာခဲ့တယ်။ အစ တုန်းကခေါင်း စဉ်တွေ ဆင့် ပွားပြီးအများကြီးစဉ်းစား ခဲ့ရ တာပေါ့နော်။ အနိုင်ကျင့်ခြင်းဆို တဲ့ ခေါင်းစဉ်အောက်မှ ဘောင် ဝင် အောင် ဝင်ရောက်ယှဉ်ပြိုင် ရမှာဆိုတော့လေ။ ရိုက်ကူးတဲ့ အခါမှာ လည်း လွယ်လွယ်ကူ ကူနဲ့ အဆင်မချောခဲ့ပါဘူး။ ဒါရိုက်တာကြီးတွေကလည်း အစစအရာရာကူညီပေးပါ တယ်။အခုဟိုကိုသွားဖို့ အတွက် ဘာသာစကားကအစ ကြိုတင် ပြင် ဆင်မှုအပိုင်းတွေ လုပ်နေ တယ်။မြန်မာအကတွေ သင်နေ တယ်။  နိုင်ငံကိုယ်စားပြုအနေနဲ့သွားရမှာ ဆိုတော့ ကိုယ်ကိုယ် တိုင်ကပေါ့ဆလို့မရဘူး။ သိက္ခာ ရှိရှိ၊ တန်ဖိုးရှိရှိရလာတဲ့ အခွင့်အရေးကိုအကျိုးရှိရှိ အသုံးချသွားမှာပါ။ နောက်ပြီး တော့ မြန်မာနိုင်ငံမှာပြန်ပြီး Sharing လုပ်ပေးဖို့ အစီအစဉ် တွေရှိပါတယ်”

မဝတ်ရည်နှင်းဖြိုး (ခ) ယဉ်မင်းစံအိမ် (တတိယ)
ညှဉ်းပန်းနှိပ်စက်ခြင်း၏အလွန်
(Beyond of Torment)

” ကိုယ့်ရဲ့ အရည်အချင်းကို ချပြခွင့်ရတာပေါ့။ချပြခွင့် လည်းရခဲ့တယ်။ဒီ “အနိုင်ကျင့်ခြင်း” ခေါင်းစဉ်က အထူးသဖြင့် လူငယ်တွေမှာ ဖြစ်ကြတာများတယ်လေ။ အဓိကက ကိုယ့်နိုင်ငံရဲ့ရိုးရာလေးတွေ လည်း ပါအောင်ပေါ့နော်။ ချိန် ကိုက်၊ကွက်တိကျအောင် ရိုက် တာတောင်မှ ခုနစ်မိနစ်အ ထိဖြစ်သွားခဲ့တယ်။ တချို့ကတ် တွေကို ကြိုက်ေ ပမယ့် ပြန်ဖျက်၊ ပြန်တည်းဖြတ်ရတာပေါ့။ ဆုရွေးချယ်ခံရတော့ ရင်ထဲမှာ လှိုက်လှိုက်လှဲလှဲပါပဲ။ တအား ပျော် ရွှင်ရတယ်။ ကိုယ့်ရဲ့အ ရည်အချင်း ကို ပြချင်တာတစ်ခု တည်းနဲ့တင်စွန့်စားလုပ်ခဲ့ရ တာပါ။ ညီမက အနုပညာနဲ့ ပတ်သက်လာရင် အကုန်စိတ် ဝင်စားတယ်။ အခွင့်အရေးပေး ရင်ပေးသလိုအကုန်လုံးကို လေ့ လာသင် ယူသွားမယ်။ သွားရ မယ့်ခရီးစဉ်အတွက်လည်း ဘာသာစကားကအစ ပြောပုံ၊ ဆိုပုံ၊ နေပုံ၊ ထိုင်ပုံတွေကိုပြုပြင် ပြီးအားလုံး အဆင်ပြေအောင် တော့ ကြိုးစားနေပါတယ်”

M ဘွယ်

Popular Myanmar News Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ