ထားဝယ်နှင့် ကြို့ ပင်ကောက်မှာ သေမှုသေခင်းများ ဖွင့်လှစ်စစ်ဆေး

နေပြည်တော်၊ စက်တင်ဘာ ၁၃

၁၂-၉-၂၀၁၃ ရက်နေ့ ၁၅၀၀ အချိန် တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာပင်လယ်ကမ်းခြေတွင် ကနက်သီရိကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲမှ ကျောင်းသား ၇ ဦး၊ ကျောင်းသူ ၂ ဦး၊ စုစုပေါင်း(၉)ဦးတို့ ရေကူးကစားနေစဉ် သက်နိုင်ထွန်း (၁၀)နှစ်ပါ ကျောင်းသား ၃ ဦး၊ ကျောင်းသူ ၂ ဦးတို့ ရေနစ်သဖြင့်ဆယ်ယူခဲ့ရာ ကျောင်းသား ၂ ဦးနှင့် ကျောင်းသူ ၂ ဦးတို့၏အလောင်းများအား ပြန်လည်တွေ့ရှိခဲ့ပြီး စတုတ္ထတန်းကျောင်းသား မောင်အောင်မြတ်ဦးမှာ ရေနစ်ပျောက်ဆုံးလျက်ရှိသဖြင့် ဆက်လက်ရှာဖွေလျက်ရှိကာ ၀င်းဝနယ်မြေ ရဲစခန်း၊ သေမှုသေခင်းအမှတ်စဉ်(၇/၂၀၁၃)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

ထို့ပြင် ယင်းနေ့ ၀၇၀၀ အချိန် ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ကျွန်းကုန်း ကျေးရွာနေ မသီရိစိုး(၂၁)နှစ်သည် နေအိမ်နောက်ဖေး သြဇာသီးခြံအတွင်းရှိနေစဉ် မိုးကြိုးပစ်ခံရကြောင်း သိရှိရသဖြင့် ကြို့ပင်ကောက်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာ မသီရိစိုးအား ၀မ်းဗိုက်၊ ယာရင်အုံ၊ ၀ဲလက်မောင်း/လက်ဖျံတို့တွင် အရေးပြားပွန်းဒဏ်ရာများဖြင့် သေဆုံးနေကြောင်းတွေ့ရှိရ၍ ကြို့ပင်ကောက်ဆေးရုံသို့ပို့ဆောင်ကာ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် ကြို့ပင်ကောက်မြို့မရဲစခန်း၊ သေမှုသေခင်းအမှတ်စဉ်(၁၀/၂၀၁၃)ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ