ဒုစရိုက်ဂိုဏ်း တိုက်ပွဲများကြောင့် အသတ်ခံရသူ ခြောက်နှစ်သမီးအတွက် ရက် (ပ်) ပါ စနုဒေါ့ ငွေလှူ

လော့အိန်ဂျလိစ်၊ စက်တင်ဘာ ၁၄

ဒုစရိုက်ဂိုဏ်းများ အပြန်အလှန် ပစ်ခတ်ကြတဲ့အထဲ ကြားညပ်သွားတယ်လို့ ယူဆကြတဲ့ ခြောက်နှစ်သမီးလေး သေဆုံးမှုကို အမေရိကန် နာမည်ကျော် ရက် (ပ်) အဆိုကျော် စနုဒေါ့က ပမာဏ အတိအကျ မသိရတဲ့ ထောက်ပံ့ငွေကြေး လှူဒါန်းပေးခဲ့တယ်လို့ သူကိုယ်တိုင် ပြောကြားခဲ့ကြောင်း AFP သတင်းတစ်ရပ်က ရေးသားထားပါတယ်။

လော့အိန်ဂျလိစ် အရှေ့ပိုင်းမှာ သူ့ဖခင်နဲ့အတူ သေဆုံး ခဲ့ရတဲ့ ခြောက်နှစ်သမီး တီယာနာရစ်ခ်စ် အဖြစ်အပျက်ဟာ လက်နက်ကိုင် အကြမ်းဖက်မှုတွေကို တိုက်ဖျက်တဲ့ လှုပ်ရှားမှုတွေ အရှိန်မြှင့်ဖို့ လိုနေတာကို ထောက်ပြနေတယ်လို့ အသက် ၄၁ နှစ်အရွယ် စနုဒေါ့က ပြောကြားခဲ့ပါသေးတယ်။

အသက် ၂၆ နှစ်အရွယ် အဖေနဲ့ ခြောက်နှစ်သမီးလေးတို့ လမ်းလျှောက်နေစဉ်မှာ မျက်နှာချင်းဆိုင်က လာတဲ့ လူနှစ်ယောက်က ပစ်ခတ်သွားခဲ့တာ ဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။

ဒီလူသတ်မှုဟာ လက်နက်ကိုင် ဂိုဏ်းတွေနဲ့ ပတ်သက်နေတယ်လို့ ရဲက အတည်ပြုပေးထားပါတယ်။

“ကလေးမလေးဟာ သေနတ်နဲ့ ပစ်သတ်မခံရထိုက်ပါဘူး။ ဒါပေမဲ့ ဒါမျိုးတွေ ဖြစ်နေပါတယ်” လို့ ရက် (ပ်) အဆိုကျော်ကြီးက ဝမ်းနည်းစကား ပြောကြားသွားခဲ့ပါတယ်။

The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ