ကွက်ပြည့်ခွေးရူးရောဂါ ကာကွယ်ဆေးထိုးရေး စီမံချက် စက်တင်ဘာ ၂၈ စတင်မည်

ရန်ကုန်မြို့တစ်နေရာမှ ခွေးလေခွေးလွင့်အချို့ ဓာတ်ပုံ-နစ်ကီ
ခွေးရူးရောဂါ တားဆီးတိုက်ဖျက်ရေးအတွက် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (OIE)နှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကွက်ပြည့်ခွေးရူးရောဂါကာကွယ်ဆေးထိုးရေး စီမံချက် လုပ်ဆောင်မည်ဟု သတင်းရရှိသည်။

နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ဧရာဝတီနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် စက်တင်ဘာ ၂၈ (ကမ္ဘာ့ ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့)မှ စတင်၍ စီမံကိန်းပထမအဆင့်အဖြစ် စတင်ဆောင်ရွက်မည်ဖြစ်ပြီး အခြားပြည်နယ်နှင့်တိုင်းများကို ဒုတိယအဆင့် စီမံချက်ဖြင့် လုပ်ဆောင်မည်ဖြစ်သည်။

ခွေးရူးရောဂါကာကွယ်ရေးအတွက် အိမ်မွေးတိရစ္ဆာန်များ ဖြစ်သည့် ခွေး၊ ကြောင်များကို ကာကွယ်ဆေးအလုံးရေနှစ်သိန်းခန့် အခမဲ့ထိုးပေးမည်ဖြစ်ပြီး မြို့ နယ်အသီးသီးရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနများနှင့် ဆက်သွယ်ဆောင်ရွက်ရမည်ဖြစ်သည်။

““အရင်တုန်းကလည်း တိုင်းဦးစီးဌာနကနေ ကာကွယ်ဆေးထိုးပေးတာတွေ ရှိပါတယ်။ အဓိက ကတော့ ပြည်သူလူထုကို ဒီရောဂါအကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိဖို့နဲ့ အားလုံးပူးပေါင်းဖို့ပါ””ဟု တိရစ္ဆာန်ဆေးကုဆရာဝန်များအသင်း (မန္တလေး)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ခွေးတစ်ကောင်အတွက်  ကာကွယ်ဆေးတစ်လုံးလျှင် ကျပ်သုံးထောင်မှ ငါးထောင်ကြားသာ ကုန်ကျပြီး ခွေးကိုက်ခံရ၍ လူတစ်ယောက်အား ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးထိုးလျှင် ငွေကျပ်ခြောက်သောင်းခန့် ကုန်ကျသည်ဟုသတင်းရရှိသည်။

ခွေးရူးရောဂါကြောင့် မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်၌ ၂၀၅ ဦး၊ ၂၀၁၂ ခုနှစ်တွင် ၂၄၀ ဦး သေဆုံးခဲ့ရပြီး မြန်မာနိုင်ငံရှိခွေးအားလုံး၏ ၇၅ ရာခိုင်နှုန်းသည် ခွေးရူးပြန်ရောဂါ ဖြစ်ပွားနိုင်သည်ဟု သက်ဆိုင်ရာဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ ထို့အပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က မြန်မာနိုင်ငံတွင် လူဦးရေတစ်သန်းလျှင် ၂၂ ဦးသည် ခွေးရူးရောဂါကြောင့် သေဆုံးနေသည်ဟု စာရင်းဇယားများ၌ ဖော်ပြထားသည်။

7Day Daily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ