များစွာဝေဖန်ခံနေရသည့် ပါလီ မန်ရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်း အလိုတွင်
ဆွာဇီလန်ဘုရင်အမ် ဆွာတီ(၃)က ၎င်း၏၁၄ယောက် မြောက်ဇနီးအဖြစ် ၁၈နှစ်အရွယ် ပြိုင်ပွဲဝင် အလှမယ်လေးတစ်ဦးကို ရွေးချယ်ထားကြောင်း နန်းတော် ပြောခွင့်ရပုဂ္ဂိုလ်က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။
''ကျွန်တော်အတည်ပြုနိုင် တာကတော့ ဘုရင်ဟာ သူနဲ့စေ့ စပ်ထားတဲ့
မိန်းကလေးအမည်နဲ့ နိုင်ငံကို မိတ်ဆက်ပေးလိုက်ပါပြီ'' ဟု
လတ်ဒ်ဇစ်ဇီနီနန်းတော်အုပ် ချုပ်ရေးမှူး တင်မသီအမ်တက် တွားက ပြောကြားခဲ့သည်။
ဆာ ဟာရအောက်ပိုင်း အာဖရိက၏ နောက်ဆုံး သက်ဦးဆံပိုင်ဘုရင် အသက်၄၅နှစ်အရွယ်ရှိ
အမ်ဆွာ တီသည် သီတင်းပတ်အကုန်က Reed Dance ကျူရိုးနီအကပွဲ တွင်
ဆင်းဒစ်စဝါဒီလာမီနီနှင့်မိတ် ဆက်ပေးခဲ့သည်ဟု အမ်တက် တွားက အေအက်ဖ်ပီသို့
ပြော ကြားခဲ့သည်။ သူမသည် တော်ဝင် သင်္ကေတတစ်ခုအဖြစ် ၎င်း၏ဦး ခေါင်းတွင်
ကျူရိုးများဝတ်ဆင်ခဲ့ သည်။
ဘုရင်နှင့်စေ့စပ်ထားသည့်အမျိုးသမီးငယ်သည် လွန်ခဲ့သည့် နှစ်ကမှ
အမ်ဘာဘိန်းရှိစိန့်ဖရန်ဆစ် အထက်တန်းကျောင်းမှ အောင် မြင်ထားသူဖြစ်ပြီး Miss
Cultural Heritage အလှမယ်ပြိုင်ပွဲမှ နောက် ဆုံး ဆန်ခါတင်တစ်ဦးဖြစ်သည်။
ပြိုင်ပွဲအနိုင်ရသူ၏အမည်ကို စက် တင်ဘာ၂၈ရက်တွင် ကြေညာ မည်ဖြစ်သည်။
တောင်ပေါများသောဘုရင် ပိုင်နိုင်ငံလေး၏ ၁ဒသမ၂သန်း သောပြည်သူများမှာ
စားဝတ်နေ ရေးအတွက်ရုန်းကန်နေရစဉ် အိမ် တော်၏ အသုံးအစွဲ လက်ဖွာမှု ကြောင့်
ဘုရင်များဝေဖန်ခံနေရ သည်။ ပြည်သူ ရာခိုင်နှုန်း၇ဝမှာ ဆင်းရဲမှုမျဉ်းအောက်
ရုန်းကန် နေကြရသည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသော်လည်း ဘုရင်
၏ပုဂ္ဂလိကပိုင်ဆိုင်မှုမှာ ဒေါ်လာ သန်း၂၀ဝခန့်ရှိသည်ဟု သိရသည်။
ပြုပြင်ပြောင်းလဲရေးလုပ်ရန်ကို လည်း
စွဲစွဲမြဲမြဲဆန့်ကျင်နေသည်။နိုင်ငံရေးပါတီများကိုပိတ် ပင်ပြီး
ယှဉ်ပြိုင်မည့်ကိုယ်စားလှယ် လောင်းများကိုလည်း ရိုးရာအ
စဉ်အလာခေါင်းဆောင်များ ရွေး ချယ်ထားသောကြောင့် ရွေးကောက် ပွဲများမှာ
အတုအယောင်သာဖြစ် သည်ဟု ဝေဖန်သူများကဆိုသည်။
Yangon Media Group
ဆွာဇီလန်ဘုရင်၁၄ယောက်မြောက်ဇနီးအဖြစ်၁၈နှစ်အရွယ်အလှမယ်နှင့်လက်ထပ်မည်
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ထူးဆန်းထွေလာ
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin