တောင်ဥက္ကလာမြို့နယ် တွင် သိန်းပေါင်းငါးရာကျော် ခိုးမှုတစ်ခုဖြစ်ပွား

ရန်ကုန် ၊ ၁၈-၉-၂၀၁၃

တောင်ဥက္ကလာပ မြို့နယ်တွင် အိမ်ပိုင်ရှင် ခရီးသွား နေခိုက် နေအိမ် အတွင်း ဝင်ရောက်ကာ အိမ်တွင်း ပစ္စည်းများ ယူဆောင် သွားသည့် မှုခင်းဖြစ်ရပ် တစ်ခု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ တောင်ဥက္ကလာပ မြို့နယ် ၊ ၁၅ ရပ်ကွက် ၊ ဇီဇဝါ ဥယျာဉ် အိမ်ရာ အမှတ် (၄၅-အေ) နေသူ ဦးတင်လှအောင် အထက်တန်း ရှေ့နေ(ငြိမ်း) သည် ၂ဝ၁၂ခုနှစ် ၊ နိုဝင်ဘာ ၉ ရက်နေ့ နေ့လယ် ၂ နာရီတွင် ဆေးကုသရန် အတွက် ဇနီးဖြစ်သူ ဒေါ်ခင်စန်းဝင်း နှင့်အတူ ထိုင်းနိုင်ငံသို့ ထွက်ခွာ သွားခဲ့ရာ နေအိမ်နှင့် ခြံဝင်းတို့အား သော့ခတ်ပြီး ခြံဝင်း တံခါးသော့အား ဇီဇဝါ ဥယျာဉ် အိမ်ရာ လုံခြုံရေးမှူး ဦးစိုးဝင်း ထံ အပ်နှံထား ရှိခဲ့ရာ ထိုင်းနိုင်ငံတွင် ဆေးကုသပြီး ၂ဝ၁၃ခုနှစ် ၊ စက်တင်ဘာလ ၈ ရက်နေ့ ည ၈ နာရီတွင် နေအိမ်သို့ ပြန်လည် ရောက်ရှိ၍ လုံခြုံရေးမှူး ဦးစိုးဝင်း ထံ ခြံဝင်းတံခါး သော့အား သွားတောင်းစဉ် ဦးတင်လှအောင် နှင့် ဇနီး တို့ ထွက်သွားပြီး တစ်ပတ်ခန့် အကြာတွင် သမီးလတ် ဖြစ်သူ မခင်ထက်အောင် ( အသက် စိစစ်ဆဲ ) ( ပင်လုံ နှင်းဆီအိမ်ရာ ၊ ဒဂုံ မြောက်မြို့နယ် နေသူ ) မှ ခြံသော့ လာတောင်း၍ ပေးလိုက်ကြောင်း ပြောပြ သိရှိရ သဖြင့် ဦးစိုးဝင်း အား ခေတ္တ လိုက်ခဲ့ရန် ခေါ်ကာ သော့အပို တစ်ချောင်းဖြင့် နေအိမ်အား သွားရောက် ကြည့်ရှု စစ်ဆေးရာ ခြံတံခါးသော့မှာ ပွင့်နေသည့် အပြင် နေအိမ် တံခါးမကြီးမှာ လည်း စေ့ထားသည်ကို တွေ့ရှိရ၍ နေအိမ်အတွင်း စစ်ဆေး ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် နေအိမ်အတွင်း ပစ္စည်းများ ပြန့်ကျဲ နေသည့်အပြင် မီးခံသေတ္တာ သော့အား ဖျက်ထား သည်ကို တွေ့ရှိရပြီး အိမ်တွင်း ပစ္စည်းများ ပျောက်ဆုံး နေကြောင်း သိရသည်။ ပျောက်ဆုံး သွားသော ပစ္စည်းများမှာ လက်ရှိ နေထိုင်သည့် ဇီဇဝါ ဥယျာဉ် အိမ်ရာ ၊ တောင်ဥက္ကလာ မြို့နယ် နေအိမ် အပါအဝင် အိမ်ဂရန် မူရင်းများ ၊ မြေကွက်ချ အမိန့်ဂရမ် မူရင်း ၊ မြေယာ ရာဇဝင် မူရင်းများ ၊ မြေကွက် စလစ် မူရင်းများ ၊ သန်းခေါင် စာရင်းမူရင်း နှင့် ငွေစုဘဏ် စာအုပ် နှစ်အုပ် ၊ စိန်လက်ကောက် တစ်ရံ ၊ စိန်လော့ကတ် သီးတစ်ခု ၊ စိန်စီ ခရမ်းဆွဲပါ လော့ကတ်သီး ကြီးတစ်ခု ၊ သုံးကျပ်သား ဘက်ကြိုး ရွှေဆွဲကြိုး တစ်ကုံး ၊ စိန်စီ နားကပ် တစ်ရံ ၊ စိန်နားကပ် တစ်ရံ ၊ ကျောက်စိန်း နားကပ် နှစ်ရံ ၊ ခရမ်းဆွဲ ကျောက်စိမ်း စိန်စီ နားကပ် တစ်ရံ ၊ စိန်လက်စွပ် တစ်ကွင်း ၊ ခရမ်းဆွဲ ကျောက်စိမ်း စိန်စီ လက်စွပ် တစ်ကွင်း၊ ရွှေပြောင် လက်စွပ် တစ်ကျပ်သား တစ်ကွင်း ၊ ခရမ်းဆွဲ ကျောက်စိမ်း လက်စွပ် တစ်ကွင်း ၊ ပတ္တမြား လက်စွပ် တစ်ကွင်း ၊ ခရမ်းဆွဲ ကျောက်တစ်လုံး ၊ ခရမ်းဆွဲ ကျောက်လက်ပတ် ကြိုးတစ်ကွင်း ၊ ခရမ်းဆွဲ ကျောက်ကြီး ဆယ်လုံး ၊ ဘူးသီးပုံ ပုလဲကြီး တစ်လုံး ၊ သုံးကျပ်သား ရွှေလက်ကောက် နှစ်ကွင်း ၊ နှစ်ကျပ် သား ရွှေလက်ကောက် တစ်ကွင်း ၊ ခြင်းလုံးပုံ ရွှေကြယ်သီး ငါးလုံး ( တစ်ကျပ်ခွဲသား ) ၊ ရွှေဟန်းချိန်း ငါးမူးသား တစ်ကွင်း ၊ တစ်မတ်သား ရွှေလက်စွပ် တစ်ကွင်း ၊ သုံးမတ်သား ရွှေလက်စွပ် တစ်ကွင်း ၊ နှစ်ကျပ်ခွဲသား ရွှေဆွဲကြိုး တစ်ကုံး ၊ သုံးကျပ်သား ရွှေဆွဲကြိုး တစ်ကုံး ၊ ဒေါ်လာ တစ်ရာတန် သုံးဆယ်ရွက် ၊ စုစုပေါင်း ၅၁၁၅ဝဝဝဝ သိန်းခန့် ဖြစ်ကြောင်း သိရသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ နေအိမ် အတွင်းသို့ ခွင့်ပြုချက် မရှိဘဲ ဝင်ရောက်ကာ ၄င်းပိုင် ပစ္စည်းများ ယူဆောင် သွားသူတို့အား အရေးယူ ပေးရန် ဦးတင်လှအောင် မှ တရားလို ပြုလုပ် တိုင်တန်း ထား၍  တောင်ဥက္ကလာ မြို့မရဲစခန်း မှ (ပ) ၃၄၁/၁၃ ပြစ်မှုပုဒ်မ - ၃၈ဝ ဖြင့် စက်တင်ဘာ ၁၆ ရက်တွင် အမှုဖွင့်ကာ တရားခံများ ဖမ်းဆီး ရမိရေး ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။

(ရဲမာန်ခ)

The Myawady Daily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ