လူသတ်၍ထွက်ပြေးတိမ်းရှောင်နေသူအား ဖော်ထုတ်ဖမ်းဆီး

နေပြည်တော်၊ စက်တင်ဘာ ၂၄

၇-၉-၂၀၁၃ ရက်နေ့ ၁၁၃၀ အချိန် မွန်ပြည်နယ်၊ ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်နေ ဦးရွှေလရောင်(ခ)ကိုရောင်(၅၀)နှစ်သည် ရေဖြူမြို့နယ်၊ ရားဖူးကျေးရွာရှိရာဘာခြံတွင် အလုပ်လုပ်ကိုင် နေစဉ် ဇနီးဖြစ်သူ ဒေါ်ခင်စန်း(ခ)မကြား(၄၉)နှစ်မှာ နေအိမ်တွင်သေဆုံးနေကြောင်း တစ်ရပ်ကွက်တည်းနေ ညီဖြစ်သူ ဦးအောင်မြိုင်(ခ)ဦးမိုင်၏ ဖုန်းဖြင့်အကြောင်းကြားချက်အရ နေအိမ်သို့ပြန်လာကြည့်ရှုရာ ဇနီးဖြစ်သူအား နေအိမ်မီးဖိုခန်းအတွင်း ပက်လက်အနေအထားဖြင့် ပါးစပ်အတွင်းပေါက်ပြဲဒဏ်ရာ(၁)ချက်၊ လည်ပင်းညိုမဲဒဏ်ရာ(၁)ချက်နှင့် ဦးခေါင်းနောက်စေ့ကြေမွဒဏ်ရာ(၁)ချက်ရရှိ၍သေဆုံးနေကြောင်း တွေ့ရှိရသဖြင့် စုံစမ်းဖော်ထုတ်အရေးယူပေးခဲ့ရန်တိုင်တန်းခဲ့ရာ ရေးမြို့မရဲစခန်း(ပ)၈၄/၂၀၁၃၊ ပြစ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေးခဲ့သည်။

အမှုနှင့်ပတ်သက်၍ ရေးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက အခင်းဖြစ်အရပ်သို့သွားရောက်စစ်ဆေးရာ သေဆုံးသူဒေါ်ခင်စန်း ၀တ်ဆင်ထားသည့်ထမီပေါ်မှ TOYOTA တံဆိပ်ပါ အမဲရောင်သော့ချိတ်တပ်လျက် (၃)ဟုရေးသားထားသည့် စတီးသော့(၁)ချောင်းအား တွေ့ရှိရသဖြင့်မေးမြန်းရာ ၎င်းအိမ်မှသော့မဟုတ်ကြောင်း ဦးရွှေလရောင်၏ပြောပြချက်အရသိရှိခဲ့ရသည်။ စုံစမ်းချက်အရ ရေးမြို့၊ အောင်မေတ္တာရပ်ကွက်၊ ဘူတာအနီး၊ ဒုံးဝင်းလမ်းတွင်ဖွင့်လှစ်ထားသည့် ““တနင်္သာရီ””တည်းခိုခန်းပိုင်ရှင်ထံမှ ၎င်းတို့၏တည်းခိုခန်းသို့ ၆-၉-၂၀၁၃ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ တံခွန်တိုင်အုပ်စု၊ တိုက်ကြီးကုန်း ရွာနေ မျိုးဝင်း(၂၄)နှစ်ရောက်ရှိလာပြီး အခန်းအမှတ်(၃)တွင် တည်းခိုခဲ့ကြောင်း၊ မျိုးဝင်းမှာ စတင်တည်းခိုစဉ်က ၈-၉-၂၀၁၃ ရက်နေ့တွင်ပြန်မည်ဟုပြောဆိုခဲ့ကြောင်း၊ ၇-၉-၂၀၁၃ ရက်နေ့ ၁၂၀၀ အချိန်ခန့်တွင် တည်းခိုခန်းမှထွက်သွားပြီး ၁၇၀၀ အချိန်ခန့်တွင် ပြန်ရောက်လာကာ ပြန်မည်ဟုပြောဆို၍ တည်းခိုခန်းခ ရှင်းပေးခဲ့ကြောင်း၊ အခန်းအမှတ်(၃)သော့ပျောက်ဆုံးခဲ့ကြောင်းပြောဆို၍ သော့ဖိုးငွေကျပ်(၁၀၀၀ိ/-) ပေးလျော်ကာ တည်းခိုခန်းမှ ၎င်း၏ပစ္စည်းများယူ၍ ပြန်လည်ထွက်ခွာသွားကြောင်း သိရှိခဲ့ရသည်။

အမှုမှပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး စဉ်ဆက်မပြတ် သတင်းရယူစုံစမ်းခဲ့ရာ ပြစ်မှု ကျူးလွန်သူ မျိုးဝင်းမှာ မော်လမြိုင်မြို့၊ လှိုင်အဝေးပြေးကားဝင်းရှိ ““ခေတ်သစ်””တည်းခိုခန်းတွင် တည်းခိုနေကြောင်း၊ တည်းခိုခန်းတွင်မရှိဘဲ အပြင်သို့ထွက်သွားကြောင်း စုံစမ်းသိရှိခဲ့ရသည်။ ထို့နောက် မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူအဖွဲ့မှတပ်ဖွဲ့ဝင်များ၊ ရေးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်နှင့် ဒိုင်းဝန်ကွင်း နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များပူးပေါင်း၍ လိုက်လံရှာဖွေဖမ်းဆီးခဲ့ရာ ပြစ်မှုကျူးလွန်သူ မျိုးဝင်း(ခ) နိုင်ဝင်းအောင်(ခ)ကီးလေးအား ၁၅-၉-၂၀၁၃ ရက်နေ့ ၁၅၀၀ အချိန်တွင် လှိုင်ကားဝင်းအတွင်းရှိ ““ကြည်နူးစံ””ထမင်းဆိုင်ရှေ့၌ ဖမ်းဆီးရမိခဲ့ပြီး ထိရောက်ပြစ်ဒဏ်ရရှိရေး ရေးမြို့မရဲစခန်းမှ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ