အရှိန်မထိန်းနိုင်သဖြင့်လမ်းလယ်ကျွန်း ဘယ်ရီယာတုံးများအားတိုက်မိ

နေပြည်တော်၊ စက်တင်ဘာ ၆

၎-၉-၂၀၁၃ ရက်နေ့ ၂၀၃၀ အချိန် ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၂၉/၄) အနီးတွင် မန္တလေးမှနေပြည်တော်သို့ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (၈)ရပ်ကွက်နေ အောင်မျိုးဇော်(၃၉)နှစ် မောင်းနှင်လာသည့် ၉ဂ/xxxx ပါဂျဲရိုးအဖြူရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းဘယ်ရီယာတုံးများအား ၀င်ရောက်တိုက်မိပြီး လမ်းလယ်ကျွန်းပေါ်သို့ ရောက်ရှိရပ်တန့်ခဲ့သဖြင့် အောင်မျိုးဇော်အား ပန်းတင်အမြန်လမ်းရဲစခန်း ယာဉ်(ပ)၂၅/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

 ရှေ့ဘီးပေါက်၍ လမ်းလယ်ရှိဘယ်ရီယာများအားဝင်တိုက်

နေပြည်တော်၊ စက်တင်ဘာ ၇

၃-၉-၂၀၁၃ ရက်နေ့ ၀၅၀၀ အချိန် ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၇၆/၀-၁) ကြားတွင် ရန်ကုန်မှနေပြည်တော်သို့ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်နေ မျိုးနိုင်ဦး(၂၉)နှစ် မောင်းနှင်လာသည့် ၉ဃ/xxxx ပရိုဘောက်မီးခိုရောင်ယာဉ်သည် ယာဘက်ရှေ့ဘီးပေါက်ပြီး အရှိန် မထိန်းနိုင်ဘဲ လမ်းဘေး၌ကာရံထားသော ဘယ်ရီယာတုံးများအားဝင်ရောက်တိုက်မိသဖြင့် မျိုးနိုင်ဦးအား မြို့ချောင်းအမြန်လမ်းရဲစခန်း ယာဉ်(ပ)၄၃/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

 အရှိန်မထိန်းနိုင်သဖြင့် လမ်းလယ်ကျွန်းအားဝင်ရောက်တိုက်မိ

နေပြည်တော်၊ စက်တင်ဘာ ၇

၂-၉-၂၀၁၃ ရက်နေ့ ၁၂၀၅ အချိန် ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၀၁/၆-၇) ကြားတွင် ရန်ကုန်မှနေပြည်တော်သို့ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်နေ မျိုးမင်းဌေး(၂၂) နှစ် မောင်းနှင်လာသည့် ၉င/xxxx ကာရီးနားအဖြူရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအား ကာရံထားသောကပ်တုံးများကို တိုက်မိပြီး လမ်းလယ်ကျွန်းပေါ်ရောက်ရှိခဲ့သဖြင့် မျိုးမင်းဌေးအား မြို့ချောင်းအမြန်လမ်းရဲစခန်း ယာဉ်(ပ)၄၂/၂၀၁၃၊ ပြစ်မှု ပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

 ဘီးပေါက်၍လမ်းဘေးသို့ ယာဉ်ထိုးကျတိမ်းမှောက်

နေပြည်တော်၊ စက်တင်ဘာ ၇

၃-၉-၂၀၁၃ ရက်နေ့ ၁၂၃၀ အချိန် ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၇၃/၆-၇) ကြားတွင် မန္တလေးမှရန်ကုန်သို့ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ၄၂ လမ်း၊ (၈၀ x ၈၁) ကြားနေ ဉာဏ်လင်းအောင် (၂၅)နှစ်မောင်းနှင်လာသည့် ၇ဃ/xxxx ပါဂျဲရိုးအနက်ရောင်ယာဉ်သည် ၀ဲဘက်နောက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက် မြေသာလမ်းမှတစ်ဆင့်လမ်းဘေးသို့ ထိုးကျတိမ်းမှောက်ခဲ့သည်။ ထိုသို့တိမ်းမှောက်သဖြင့် ချမ်းမြသာစည်ြ မို့နယ်နေ ဦးမျိုးလွင်(၅၂)နှစ်၏ ၀ဲပါးပေါက်ပြဲနှင့် ကြယ်ခေါင်မြို့နေ ရှုံရင့်မေ(၃၇)နှစ်တွင် ဦးခေါင်းငယ်ထိပ်ပေါက်ပြဲ ဒဏ်ရာများ အသီးသီးရရှိခဲ့၍ ဉာဏ်လင်းအောင်အား အုတ်ရှစ်ကုန်းအမြန်လမ်းရဲစခန်း ယာဉ်(ပ)၁၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ