ခြောက်လှန့်ငွေတောင်းသူများအား ဖမ်းဆီးအရေးယူ

ရန်ကုန်၊ စက်တင်ဘာ ၇

၆.၉.၂၀၁၃ ရက်နေ့ ၁၉၃၀ အချိန် မြောက်ဥက္ကလာပ မြို့နယ်နေ မောင်ကျော်မြင့်အောင်သည် ဗဟန်းမြို့နယ်၊ ဆရာစံမြောက်/အရှေ့ ရပ်ကွက်၊ အနောက်မြင်းပြိုင်ကွင်း လမ်းတလျှောက်တွင်ဆိုင်းထမ်းဖြင့် တိုဟူးသုပ်လှည့်လည် ရောင်းချနေစဉ် အမည်မသိ အမျိုးသား(၃)ဦးအနက် (၁)ဦးမှ ဆိုင်းထမ်းအားဆွဲကာတိုဟူးသုပ်(၁)ပွဲ၊ ကြာဇံသုပ်(၁)ပွဲ ပေးရန် ပြောသဖြင့်အသုပ် သုပ်ပြီး ပလပ်စတစ်အိတ်ဖြင့်ထည့်ပေးနေစဉ် အခြားတစ်ဦးမှ အသုပ်ဆိုင်းထမ်းအတွင်း၌ ထည့်ထားသော(၉) လက်မခန့်ရှိ စတီးဓါးချွန်(၁)ချောင်းအား ဆွဲယူကာ နောက်တစ်ဦးမှလည်း ကပ်ကြေးအား ဆွဲယူခဲ့ပြီး ၎င်းတို့သည်လူမိုက်များဖြစ်ကြောင်း ခြောက်လှန့်ပြောဆို၍ အရက်ဖိုး ငွေကျပ်(၂၀၀၀) တောင်းသဖြင့် ငွေကျပ်(၁၀၀၀)ပေးခဲ့ရပါသည်။

၎င်းသူများ ထွက်သွားပြီးနောက် မောင်ကျော်မြင့်အောင်မှ ရပ်ကွက်အုပ်ချုပ်ရေး မှူးရုံးသို့သွားရောက် တိုင်ကြားခဲ့သဖြင့် တာဝန်ရှိသူများနှင့် ပြည်သူများမှ လိုက်လံဖမ်းဆီးခဲ့ရာ ခြောက်လှန့် ငွေတောင်းယူသူ ဗဟန်းမြို့နယ်၊ဆရာစံမြောက်/အနောက်ရပ်ကွက် နေသူများဖြစ်သည့် တရုတ်ကြီး(ခ)စိန်ရွှေ (ဘ)ဦးပြုံးချို၊ သက်နိုင်(ဘ)ဦးသန်းဖေ၊ ရန်ပိုင်(ခ)ရန်ပိုင်စိုး(ဘ)ဦးသန်းအောင်တို့(၃)ဦးအား ဖမ်းဆီးရမိခဲ့ပါသည်။

အဆိုပါခြောက်လှန့်ငွေတောင်း ယူသူများဖြစ်သည့် တရုတ်ကြီး(ခ)စိန်ရွှေပါ(၃)ဦးအားအရေးယူပေးပါရန်
မောင်ကျော်မြင့်အောင်မှ တိုင်တန်းခဲ့သဖြင့် ဗဟန်းမြို့မရဲစခန်း (ပ)၃၅၄/၂၀၁၃၊ ပုဒ်မ ၃၈၆/၁၁၄ ဖြင့် အမှုဖွင့်ကာ ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ