အသက်မပြည့်သေးသူကို အဓမ္မပြုကျင့်မှုဖြင့် လူငယ်သုံးဦးကို အမှုဖွင့်

၁၃ နှစ်အရွယ် သမီးဖြစ်သူအား သားမယားပြုကျင့်သည်ဟု စွပ်စွဲချက်ဖြင့် ပြုကျင့်ခဲ့သူနှင့် အားပေးအားမြှောက် ပြုလုပ်ခဲ့သူများကိုပါ အရေးယူပေးရန် တိုင်တန်းမှုတစ်ခုကို ရွှေပြည်သာ လှော်ကားနယ်မြေရဲစခန်းက အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

အမှုတွင် စက်တင်ဘာလ ၁၆ ရက် ည ၉နာရီခွဲအချိန်က အသက်(၁၃)နှစ်သာ ရှိသေးသည့် ကလေးငယ် သည် ခြေရင်းအိမ်သို့ သွားမည်ဖြစ်ကြောင်း ပြောဆိုထွက်သွားပြီး ည ၁၁ နာရီအချိန်မှသာ နေအိမ်သို့
ပြန်လည် ရောက်ရှိလာခဲ့သည်ဟု မိခင်ဖြစ်သူ မ----(၃၈)နှစ်၊ ရွှေပြည်သာမြို့နယ်နေသူက ထွက်ဆိုထားသည်။

ထို့နောက် စက်တင်ဘာလ ၁၉ ရက်တွင်လည်း သမီးဖြစ်သူ အမူအယာပျက်ယွင်းနေ၍ မေးမြန်းရာ စက်တင်ဘာ ၁၆ ရက်ညက မဌေးရီဆိုသူမှ လာခေါ်သဖြင့် လိုက်သွားခဲ့ရာ ၎င်း၏ နေအိမ်တွင် မောင် ----(၁၇)နှစ် ရွှေပြည်သာမြို့နယ်နေသူက သားမယားအဖြစ် တစ်ကြိမ် ဆက်ဆံခဲ့သည်ကို ပြောပြခဲ့သည်ဟု မိခင်ဖြစ်သူက ရဲအား တိုင်တန်း ထွက်ဆိုထားသည်။

ထို့အပြင် စက်တင်ဘာ ၁၀ ရက် နံနက် ၁ နာရီခွဲအချိန်ကလည်း သမီးဖြစ်သူမှာ နေအိမ်မှ ပျောက်ဆုံးသွား သဖြင့် လိုက်လံရှာဖွေရာ မျိုးသူ(၂၁)နှစ်၏ နေအိမ်အောက်တွင် သမီးဖြစ်သူအား သားမယားပြုကျင့်သူဟု စွပ်စွဲခံထားရသူ မောင်----(၁၇)နှစ်နှင့်အတူ ခြင်ထောင်ထဲတွင် တွေ့ရှိခဲ့ရသည်ဟု ထွက်ဆိုထားသည်။

ထို့ပြင် ယင်းနေအိမ်ရှိ အိမ်ရှင်ဖြစ်သူ မျိုးသူ၊ သီးဟနိုင်နှင့် ကိုထွေးတို့ သုံးဦးက သမီးဖြစ်သူအား မကြားဝံ့ မနာသာ စကားများ ပြောဆိုနေသံကြားရသဖြင့် သမီးဖြစ်သူအား နေအိမ်သို့ ပြန်လည်ခေါ်ဆောင် ခဲ့ရသည် ဟုလည်း ရဲအား ပြောပြထားသည်။

ထို့ကြောင့်သမီးအား သားမယားပြုကျင့်သူ မောင်-----(၁၇)နှစ်နှင့် အားပေးကူညီသူ မျိုးသူ၊ သီဟနိုင်နှင့် ကိုထွေးတို့ သုံးဦးကို အရေးယူပေးရန် စွပ်စွဲ တိုင်တန်းထားခြင်း လည်းဖြစ်သည်။

ယင်းတိုင်တန်းမှုကို ရွှေပြည်သာမြို့နယ် လှော်ကားနယ်မြေ ရဲစခန်းက (ပ)၂၈၄/၂၀၁၃ဖြင့် အမှုဖွင့်ပြီး တိုင်တန်း ခံထားရသူများအား ဖမ်းဆီးစစ်ဆေးလျက်ရှိကာ ပြစ်မှုကျူးလွန်ကြောင်း တွေ့ရှိပါက ပုဒ်မ ၃၇၆/၁၁၄ ဖြင့် တရားစွဲတင်ပို့သွားမည်ဟု တိုင်းရဲမှုခင်းမှတ်တမ်းများအရ သိရသည်။

ဇော်ဇော်ထွေး - Mizzima - News in Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ