အိမ်အကူ အလုပ်လုပ်ရမည်ဟုဆိုပြီး ပြည့်တန်ဆာအဖြစ် ခိုင်းစေသူများကို အမှုဖွင့်

အိမ်အကူ အလုပ်ရမည်ဟု ပြောဆိုခေါ်ဆောင်ပြီး ပြည့်တန်ဆာအဖြစ် ခိုင်းစေခဲ့သူများကို အရေးယူပေး ရန် စက်တင်ဘာ ၂၉ ရက်တွင် တိုင်ကြားသဖြင့် ဒလရဲစခန်းက အမှုဖွင့် ဆောင်ရွက်လျက် ရှိသည်။

စက်တင်ဘာ ၄ ရက်က လှိုင်သာယာမြို့နယ်အတွင်း အိမ်အကူ အလုပ်ရမည်ဟု မ-----က ပြောဆိုကာ လိမ်လည်စေခိုင်းခဲ့သည်ဟု ဒလမြို့နယ်တွင် နေထိုင်သည့် အသက် (၂၂)နှစ်အရွယ် အမျိုးသမီးတစ်ဦးက အမှုဖွင့် တိုင်တန်းလိုက်သည်။

လှိုင်သာယာမြို့နယ် ရပ်ကွက်မသိ၊ ဘုရားလမ်းရှိ ကို-----ဆိုသူ အသက်(၃၀)နှစ်ခန့် အမျိုးသား တစ်ဦး၏ နေအိမ်တွင် ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ရန် မ-----က ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း တိုင်တန်းသူ က ဆိုထားသည်။

ယင်းအပြင် ကို-----ဆိုသူနှင့် ၎င်း၏ ဇနီး----တို့က သူမအား ပြည့်တန်ဆာအဖြစ် ခိုင်းစေခြင်းနှင့် ထွက်ပြေးလျှင် ခြေထောက်များအား ရိုက်ချိုးပြီး ခန္ဓာကိုယ်အား ဓါးနှင့် မွန်းခြင်းတို့ ပြုလုပ်မည်ဟု ခြိမ်းခြောက် ကြသဖြင့် ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ခဲ့ရသည်ဟုလည်း ရဲအား ထွက်ဆိုထားသည်။

ထို့နောက် စက်တင်ဘာ ၂၇ ရက်တွင် ဒလမြို့ရှိ နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့ကာ စက်တင်ဘာလ ၂၉ ရက်တွင် မ---နှင့် လှိုင်သာယာမှ ကို----တို့ဇနီးမောင်နှံတို့ကို အရေးယူပေးရန် စွပ်စွဲတိုင်တန်းခြင်း
ဖြစ်သည်ဟု ရဲဌာနက ဆိုထားသည်။

ထို့ကြောင့် မြို့နယ်ရဲစခန်းက (ပ)၄၃၂ /၂၀၁၃ဖြင့် အမှုဖွင့်ကာ စွပ်စွဲတိုင်တန်းခံထားရသူများကို ဖမ်းဆီး စစ်ဆေးမည်ဖြစ်ကာ ပြစ်မှုထင်ရှားပါက ပုဒ်မ၃၇၂ဖြင့် တရားစွဲတင်မည်ဟု တိုင်းရဲဌာနမှ စုံစမ်းသိရသည်။

ဇော်ဇော်ထွေး -  Mizzima - News in Burmese


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ