ရုပ်သေးပညာရှင်တစ်ဦး နာရီဝက်ကြာဖျော်ဖြေမှုအပြီး ရုတ်တရက်သေဆုံး

ကွယ်လွန်သွားသည့် ရုပ်သေးပညာရှင်အား ဆုတံဆိပ်များနှင့် မှတ်တမ်းတင်ထားစဉ် ဓာတ်ပုံ- htweoomyanmar.com
ထွေးဦးမြန်မာရုပ်သေးအဖွဲ့မှ ရုပ်သေးပညာရှင်တစ်ဦးသည် ထိုင်းခရီးသွားလုပ်ငန်းရှင်များအား ဆီဒိုးနားဟိုတယ်၌ ဖျော်ဖြေအပြီး ရုတ်တရက်သေဆုံးသွားကြောင်း သတင်းရရှိသည်။

ကမ္ဘာအေးဘုရားလမ်းရှိဆီ ဒိုးနားဟိုတယ်၌ ထိုင်းခရီးသွားလုပ်ငန်းရှင်များအား ည ၇နာရီ ခန့်တွင် နာရီဝက်ကြာ ဖျော်ဖြေအပြီး ပစ္စည်းများသိမ်းနေစဉ် အသက်(၆၉)နှစ်ရှိ အဆိုပါရုပ်သေးကြိုးဆွဲပညာရှင် ဦးမောင်ကြည် သေဆုံးသွားခြင်းဖြစ်သည်။

““မနေ့ကဆေးခန်းပြထားတယ်။ ဆေးသောက်ဦးမယ်ဆိုပြီး ဆေးထုတ်သောက်တယ်။ ဆေးသောက်မယ်ဆို အစာစားပြီးမှသောက်ပါဆိုပြီး ပေါင်မုန့်ထုတ်ပေးတာတောင် ဆေးသောက်ပြီးမှ စားမယ်ဆိုပြီး ဆေးအရင်သောက်လိုက်တယ်။ ပြီးမှ ပေါင်မုန့်စားနေတုန်း ရှေ့ကိုငိုက်ကျသွားလို့ ဆရာဘာဖြစ်လို့လည်းဆို ၀ိုင်းမေးတော့ စကားပြန်မပြောတော့ဘူး”” ဟု ထွေးဦးမြန်မာရုပ်သေးအဖွဲ့ ပိုင်ရှင် ဦးခင်မောင်ထွေးကပြောသည်။

သေဆုံးသူ ရုပ်သေးကြိုးဆွဲဆရာ ဦးမောင်ကြည်သည် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အငြိမ်းစားတစ်ဦးဖြစ်ပြီး လူမှုထူးချွန် တတိယအဆင့် ရရှိခဲ့သည်။ ၂၀၀၆ ခုနှစ်ကတည်းက ထွေးဦးမြန်မာရုပ်သေးအဖွဲ့နှင့် အလုပ်တူတူလုပ်ခဲ့ကာ ဇနီးသည်နှင့်သမီးနှစ်ဦး ကျန်ရစ်ခဲ့ကြောင်း ဦးခင်မောင်ထွေး၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြထားသည်။

သေဆုံးသူတွင် နှလုံးရောဂါနှင့် သွေးတိုးရောဂါများရှိပြီး ဇနီးဖြစ်သူက ““မနေ့ကသွေးတက်လို့ ဆေးခန်းသွားပြရတယ်။ ဒီနေ့လည်း နေမကောင်းရင်မသွားပါနဲ့လို့တောင် တားခဲ့ကြပါသေးတယ်။ ရတယ်။ ကောင်းတယ်ဆိုပြီး အစောကြီး ထမင်းစားပြီးထွက်သွားတာ””ဟုပြောသည်။

7Day Daily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ