ပဲခူးတွင် သုံးနှစ်သားလေးရေထဲမျှောပါပျောက်ဆုံး

ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက်၊ ဥသာ(၁၁)လမ်းတွင်(၁.၉.၂၀၁၃)နေ့
ညနေ(၃း၀၀)အချိန်ခန့်က သုံးနှစ်သားအရွယ်ကလေးတစ်ဦး ရေမြောင်း
ထဲသို့မျှောပါပျောက်ဆုံးသွားခဲ့ကြောင်းသိရှိရသည်။
ဖြစ်စဉ်မှာ(၁.၉.၂၀၁၃)နေ့ ညနေပိုင်းက မိုးသည်းထန်းစွာရွာသွန်း
ခဲ့သဖြင့် ရေမြောင်းများအတွင်း မိုးရေများပြည့်လျှံပြီး ရေစီးသန်နေချိန်၌
ဥသာ(၁၁)လမ်းနေ အဘွားဖြစ်သူဒေါ်ယဉ်စိန်နေအိမ်တွင်နေထိုင်သည့်
မြေး(၂)ဦးဖြစ်ကြသောမောင်စွမ်း၊အသက်(၃)နှစ်၊(ဘ)ဦးမိုးဝင်းနှင့်
အကိုတစ်ဝမ်းကွဲဖြစ်သူမောင်သော်ဇင်အောင်၊အသက်(၇)နှစ်တို့ နှစ်ဦး
သည်အဘွားဖြစ်သူအိမ်တွင်မရှိခိုက် မိုးရွာချိန်အိမ်ရှေ့မြောင်းကူးတံတားပေါ်၌
အပေါ့သွားကြရာ ညီဖြစ်သူမောင်စွမ်းမှာ အရှိန်လွန်
ပြီးရေမြောင်းထဲသို့ပြုတ်ကျသွား၍(၂.၉.၂၀၁၃)နေ့ညနေအထိ ရပ်ကွက်
ရှိ အိမ်နီးနားချင်းများဝိုင်းဝန်းရှာဖွေသော်လည်း မောင်စွမ်းအား
မတွေ့ရှိတော့ကြောင်း နှင့်မောင်စွမ်း၏မိဘနှစ်ပါးဖြစ်သူ
ဦးမိုးဝင်းနှင့်ဒေါ်မြင့်မြင့်စန်းတို့မှာမြ၀တီမြို့တွင်အလုပ်သွားရောက်လုပ်ကိုင်
လျှက်ရှိကြောင်း သတင်းရရှိသည်။

Ko Thant Zin

by Myanmar News Now


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ