အများနှင့်ဆိုင်သောနေရာ၌ ဟတ္တမေထုန်မှီဝဲခြင်းသည် ပြစ်မှုမမြောက်ဟု ဆွီဒင်တရားရုံးကဆုံးဖြတ်

အခင်းဖြစ်ပွားရာ ဆွီဒင်နိုင်ငံ ဒရိဗ်ဗိုက်ကင်း ကမ်းခြေအခင်းဖြစ်ပွားရာ ဆွီဒင်နိုင်ငံ ဒရိဗ်ဗိုက်ကင်း ကမ်းခြေ

အများနှင့်ဆိုင်သောနေရာများတွင် ဟတ္တမေထုန်မှီဝဲရာ၌ တစ်စုံတစ်ဦးကို ရည်ရွယ်၍ ပြုမူခြင်း
မဟုတ်ပါက ပြစ်မှုမမြောက်ကြောင်း ဆွီဒင်နိုင်ငံရှိ ခရိုင်တရားရုံးတစ်ရုံးက ယခင်သီတင်းပတ်တွင်
စီရင်ဆုံးဖြတ်ခဲ့သည်။

ဆွီဒင်နိုင်ငံတွင် ဟတ္တမေထုန်နှင့် ပတ်သတ်၍ ပထမဆုံးသမိုင်းဝင် စီရင်ချက်ဖြစ်လာသည့် အဆို
ပါအမှုမှာ ဆွီဒင်နိုင်ငံ ဒရိဗ်ဗိုက်ကင်း ကမ်းခြေရေစပ်၌ ဟတ္တမေထုန်မှီဝဲမှုဖြင့် အသက် ၆၅ နှစ်
အရွယ် အဖိုးအိုတစ်ဦးကို ရဲကဖမ်းဆီး တရားစွဲခဲ့ရာမှ စတင်ခဲ့ သည်။ ယခုနှစ် ဇွန်လ ၆ ရက်နေ့က
အဆိုပါအဖိုးအိုသည် ဒရိဗ်ဗိုက်ကင်းကမ်းခြေ ရေစပ်နား၌ အ၀တ်အစားများချွတ်ကာ ဟတ္တမေထုန်
မှီဝဲနေရာ အများနှင့် သက်ဆိုင်သောနေရာ၌ လိင်မဖွယ်မရာပြုလုပ်ပြသည်ဆိုကာ ရဲကဖမ်းဆီး
အရေးယူခဲ့သည်။

ထိုအမှုကို တရားရုံးက ကြားနာစစ်ဆေးရာ ၌ အဖိုးအိုသည် ထိုအပြုအမူကို ပြုမူခဲ့သော်လည်း
၎င်းတကိုယ်ရည် စိတ်သာယာမှုအတွက်သာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကမ်းခြေရှိ အခြားသူ တစ်စုံ
တစ်ယောက်ကို ရည်ရွယ်ပြုလုပ်ခဲ့ခြင်း မဟုတ်သောကြောင့် လိင်မဖွယ်မရာပြုလုပ်ပြသည်ဟု
မဆိုနိုင်သော ကြောင့် ပြစ်မှုမမြောက်ဟုဆိုကာ အမှုမှ တရားသေလွှတ်လိုက်သည်။

တရားရုံးက သုံးသပ်မှုသည် ဥပဒေကြောင်းအရ မှန်ကန်သော် လည်း၊ အကြောင်းအရာအရ
မှန်ကန်သည်ဟု ဆိုနိုင်ရန်ခက်ခဲကြောင်း၊ ဤစီရင်ချက်ကြောင့် ဆွီဒင်နိုင်ငံရှိ အများနှင့်သက်
ဆိုင်သော နေရာများတွင် မဖွယ်မရာပြုမူခြင်းများရှိလာနိုင်ပြီး၊ ပြုမူသူများက မိမိတို့သည်
မည်သည့်သူကိုမျှ ရည်ရွယ်ပြုလုပ်ခြင်း မရှိဟု ထုချေလာ နိုင်ကြောင်း ဆိုကာ အစိုးရရှေ့နေ
များက စက်တင်ဘာလ ၁၉ ရက်နေ့တွင် အဆိုပါအမှုကို အယူခံဝင်ခဲ့သည်။

သည်လော်ကယ်

 သက်လှိုင်ဘာသာပြန်သည်။ မြန်မာတိုင်း(မ်)

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ