ညှို့ယူဖမ်းစား နှလုံးသားသံစဉ်များ သီချင်းဆိုပြိုင်ပွဲ ပြုလုပ်မည်

ရန်ကုန်၊ စက်တင်ဘာ ၁၁

နာမည်ကျော် အမျိုးသမီး တေးသံရှင်များကို အောင်မြင်မှု ရရှိစေခဲ့သော သီချင်းကောင်းများစွာကို ရေးသားပေးနိုင်သည့် တေးရေးမေသော်က သူ၏သီချင်းများကို သီဆိုယှဉ်ပြိုင်ရမည့် ညှို့ယူဖမ်းစား နှလုံးသားသံစဉ်များ သီချင်းဆိုပြိုင်ပွဲကို MRTV 4 ရုပ်သံလိုင်း၊ Eposoft တို့နှင့် ပူးပေါင်း၍ အောက်တိုဘာလအတွင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း The Voice သို့ ပြောကြားသည်။

“သီချင်းဆို ပြိုင်ပွဲတွေမှာ ဒိုင်အဖြစ် ဆောင်ရွက်ရင်းနဲ့ ထူးချွန်တဲ့ ကလေးတွေကို အန်တီတွေ့ခဲ့ရပါတယ်။ ဒီပွဲလေး လုပ်ဖြစ်တာက ဒီကလေးတွေရဲ့ဘဝမှာ သူတို့ရောက် ချင်တဲ့နေရာ တစ်ခုကို ရောက်ဖို့အတွက် အန်တီက ဂုဏ်ပြု မြှင့်တင်ပေးချင်တဲ့ သဘောပါ။ ပြိုင်ပွဲအတွက် ဆန်ခါတင် အယောက် ၃၀ ရွေးမယ်။ ပြိုင်ပွဲကအဆင့် သုံးဆင့်ပြိုင်ရမယ်။ Basic Level နဲ့ Final Level မှာတော့ အန်တီ့ရဲ့ သီချင်းတွေထဲက ကြိုက်နှစ်သက်ရာ သီချင်းနဲ့ ပြိုင်လို့ရပါတယ်။ နောက်ဆုံးအဆင့်မှာတော့ အန်တီရွေးထားတဲ့ သီချင်းဆယ်ပုဒ် ဒါမှမဟုတ် ဆယ့်နှစ်ပုဒ်ထဲကမှ ရွေးပြီးပြိုင်ရပါမယ်” ဟု ၎င်းကထပ်လောင်း ပြောကြားသည်။

ပြိုင်ပွဲဝင်များ၏ ယှဉ်ပြိုင်မှုကို အောက်တိုဘာလမှ စတင်၍ အပိုင်းဆယ်ပိုင်းအထိ MRTV 4 ရုပ်သံလိုင်းမှ ထုတ်လွှင့်သွားမည်ဖြစ်ပြီး နောက်ဆုံးအဆင့် ပြိုင်ပွဲအတွက် ခြောက်ယောက် ရွေးချယ်သွားမည် ဖြစ်ကြောင်း၊ အကဲဖြတ်ဒိုင်များအဖြစ် တေးသံရှင် အယ်လ်ခွန်းရီ၊ အဆိုပညာရှင် ခင်မြတ်မွန်၊ တေးရေး အောင်နိုင်စန်းနှင့် မိမိကိုယ်တိုင် ပါဝင်မည်ဖြစ်ပြီး၊ နောက်ဆုံးအဆင့်တွင်မူ တေးသံရှင် ချမ်းချမ်းက ဒိုင်အဖြစ် ပါဝင်မည် ဖြစ်ကြောင်း၊ ဆုကြေးအဖြစ် ပထမဆု ကျပ် ၁၀ သိန်းနှင့် တေးရေးမေသော်၏ နောက်ထွက်မည့်စီးရီးတွင် ပါဝင်သီဆိုခွင့်၊ ဒုတိယဆု ကျပ်ငါးသိန်း၊ တတိယဆု ကျပ်နှစ်သိန်း၊ အထူးဆုနှစ်ဆုအတွက် ကျပ်နှစ်သိန်းစီနှင့် ဇွဲဆုအတွက် ကျပ် ၁ သိန်းစီ ချီးမြှင့်သွားမည် ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်များသည် မေသော် ရေးသားခဲ့သည့် နှလုံးသားသံစဉ်များ၊ တကယ်ဆိုရင် အချစ်ပဲလိုတယ်၊ အချစ်ထက်မက စီးရီးများထဲမှ သီချင်းများကို ပါဝင်သီဆိုရမည် ဖြစ်ကြောင်း တေးရေးမေသော်က ဆိုသည်။

“အန်တီမေသော်က အစ်မရဲ့ အမေလိုလည်းဖြစ်တယ်။ မိသားစုလိုလည်း ဖြစ်နေတဲ့အတွက် ကူညီဖြစ်တာပါ။ အစ်မက သီချင်းဆိုပြိုင်ပွဲတွေမှာ နောက်ဆုံးအဆင့်မှ ဒိုင်အဖြစ် ပါဝင်ရတာများတယ်။ ပြိုင်ပွဲတွေမှာ ရှေ့အဆင့်တွေက ဒိုင်တွေရဲ့ အကဲဖြတ်မှုက အကောင်းဆုံးပါပဲ။ အစ်မတို့ အနုပညာသက်တမ်းနဲ့ကျတော့ ဒိုင်လုပ်ဖို့ ဝေးပါသေးတယ်” ဟု နောက်ဆုံးအဆင့် ပြိုင်ပွဲတွင် အကဲဖြတ်ဒိုင်တစ်ဦးအဖြစ် ပါဝင်မည့် တေးသံရှင် ချမ်းချမ်းက ပြောကြားသည်။

ပြိုင်ပွဲဝင်လိုသူများအနေနှင့် ဝင်ခွင့်လျှောက်လွှာများကို ပြည်လမ်းရှိ၊ MRTV4 မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝင်းတွင် ရယူနိုင်ပြီး စက်တင်ဘာလ ၂၄ ရက်နေ့ နောက်ဆုံးထား ပေးပို့ရမည် ဖြစ်သည်။

The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ