မြန်မာပြည်မှာ မြန်မာအမျိုးသမီး ဖြစ်ရတာကို ဂုဏ်အရမ်းယူတယ် ဆိုတဲ့ ဂန္တဝင်

မြန်မာပြည်မှာ မြန်မာအမျိုးသမီး ဖြစ်ရတာကို ဂုဏ်အရမ်းယူတယ် ဆိုတဲ့ ဂန္တဝင်'မ' က အနုပညာကို ဝါသနာပါ လို့ အခု အချိန်ထိ အနုပညာ အလုပ်ကို ရူးသွပ်စွာ လုပ်နေတုန်းပါ။ အနု ပညာကိုပဲ အရမ်းဝါသနာ ပါတယ်။ ကြားထဲမှာ အင်္ကျီဆိုင် တစ်ဆိုင်ဖွင့် လိုက်ပေမယ့် လှည့်တောင်မကြည့် ဖြစ်ခဲ့ဘူး။ နောက်ပိုင်း အသက်ကြီး လာလို့ အနုပညာ အလုပ်မလုပ်ဖြစ် တော့ဘူးဆိုရင်တောင် အနုပညာနဲ့ နီးစပ်တာမျိုး၊ အနုပညာနဲ့ ပတ်သက် ဆက်နွယ်နေတဲ့ အလုပ်တစ်ခုခုကိုပဲ လုပ်ဖြစ်လိမ့်မယ်။

ဥပမာ - ဓာတ်ပုံ ဆိုင်ပဲဖြစ်ဖြစ်ပေါ့။ ဓာတ်ပုံကတော့ အနုပညာသမားတွေ အမြဲရိုက်နေရ တာပဲလေ။ ခေတ်တွေဘယ်လောက် ပဲတိုးတက် တိုးတက် 'မ' ကတော့ မြန်မာပြည်မှာ မြန်မာ အမျိုးသမီး တစ်ယောက်ဖြစ်ရ တာကို အရမ်း ဂုဏ်ယူတယ်၊ ကိုယ်က မြန်မာမိုလို့ သာမြန်မာ အဝတ်အစားတွေ ဝတ်ခွင့်ရတာ။ အဲဒါကြောင့် အမျိုးသမီး ရေးရာပွဲမှာ ကိုယ်တတ်ထားတဲ့ အနု ပညာတွေနဲ့ တစ်ထောင့်တစ်နေရာ ကနေပါဝင် အားဖြည့်ပေးခဲ့ရလို့ ကျေ နပ်အားရ မိတယ်။ ဇာတ်ကားတွေ မရိုက်ဖြစ်ဘူး ဆိုတာက အခြေအနေ နဲ့အကြောင်းကြောင်းတွေ မညီ ညွတ်လို့ မရိုက်ဖြစ် တာပါ။

ဒီအနု ပညာလောကထဲမှာ စိတ်ရောလူပါ နှစ်ပြီး အခုအချိန်ထိ ' မ' ကြိုးစားပြီး လျှောက်လှမ်း နေပါတယ်။ ကားမ ရိုက်ဖြစ်တာကလည်း အခုနောက် ပိုင်းကား ရိုက်တာတွေက ကိုယ့်အဖွဲ့ နဲ့ကိုယ် ရိုက်ရိုက်နေကြတာ ဆိုတော့ ' မ'က ဘယ်အဖွဲ့မှာမှ မပါတော့ အဆက်အသွယ် မရှိလို့ မရိုက်ဖြစ် တာကို ပရိသတ်တွေ နားလည်ပေး စေချင်ပါတယ်။ 

By 8 Days

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ