လမ်းခွဲသတင်းများ မှားယွင်းကြောင်း လက်တွေ့ပြလိုက်သည့် ဂျေဆန်နှင့် ရိုစီ

ပဲရစ်သို့ ရောက်ရှိနေသည့် စုံတွဲသည် တစ်ဦးနှင့်တစ်ဦး ကြည်ကြည်နူးနူး ချစ်ချစ်ခင်ခင် ကျီစယ်နောက်ပြောင်ရင်း နွေးနွေးထွေးထွေးပင် ရှိနေကြောင်း မျက်မြင်များက ဆိုသည်။

လမ်းခွဲသတင်းများ မှားယွင်းကြောင်း လက်တွေ့ပြလိုက်သည့် ဂျေဆန်နှင့် ရိုစီ လမ်းခွဲခဲ့ပြီဟု သတင်းများ မြိုင်မြိုင်ဆိုင်ဆိုင် ထွက်ပေါ်နေချိန်တွင် ဂျေဆန် စတက် ဟမ်းနှင့် ရိုစီဟတ်တင်ဂမ် ဝှစ်တလေတို့ လူအများရှေ့၌ ပေါ်ပေါ် ထင်ထင် လမ်းထွက်လာသည်ကို တွေ့ရသည်။ ပဲရစ်သို့ ရောက်ရှိနေသည့် စုံတွဲသည် တစ်ဦးနှင့်တစ်ဦး ကြည်ကြည်နူးနူး ချစ်ချစ်ခင်ခင် ကျီစယ်နောက်ပြောင်ရင်း နွေးနွေးထွေးထွေးပင် ရှိနေကြောင်း မျက်မြင်များက ဆိုသည်။ (၃)နှစ်ကြာ တွဲလာသည့် ဗြိတိသျှ နာမည်ကျော် စုံတွဲသည် တသီးတခြား ခွဲခွာနေထိုင်လျှက် ရှိနေကြောင်း ယခုလ အစောပိုင်းက သတင်းများ ထွက်ပေါ်ခဲ့သည်။ အဓိကအားဖြင့် အသက်အရွယ် ကွာဟမှုသည် ယင်းတို့နှစ်ဦးကြား အမြင်မတူမှု များ ဖြစ်ပေါ်စေခဲ့ကြောင်း သတင်းများက ရေးသားခဲ့သည်။

သို့သော်လည်း ထိုစဉ်က Transformers မင်းသားနှင့် Victoria's Secret မော်ဒယ်လ်တို့၏ အေးဂျင့်များက ယင်းဖော်ပြမှုများကို အသီးသီး ငြင်းဆန်ခဲ့ကြသည်။ ပဲရစ်တွင်မူ ရိုစီသည် ဂျေဆန့်ကို ရင်းရင်းနှီးနှီး စကားပြောဆိုနေပြီး အပြည့်အဝ ပျော်ရွှင်နေဟန် တွေ့ရသည်။ ကျားသစ်ကွက် ဖက်ရှင်နှင့် လှပနေသော အသက်(၂၆)နှစ်အရွယ် Transformers: Dark of the Moon မင်းသမီးသည် နေကာမျက်မှန်ကို တပ်ဆင်ကာ သားရေအိတ် တစ်လုံးကိုလည်း သယ်ဆောင်လာကြောင်း တွေ့ရသည်။

ဂျေဆန်မှာ အညိုရောင် တီရှပ်လက်ရှည်၊ ဂျင်းဘောင်းဘီတို့နှင့် သက်တောင့်သက်သာ အဝတ်အစားမျိုးကိုသာ ဝတ်ဆင်ထားပြီး ၎င်းတို့နှစ်ဦးသည် အာရုံစိုက်နေသည့် လမ်းသွားလမ်းလာများကို မျက်ကွယ်ပြုကာ ပျော်ပျော်ရွှင်ရွှင် စကားဖောင်ဖွဲ့နေသည်ကို တွေ့ရသည်။ ရိုစီသည် ယခုလ အစောပိုင်းက အိုင်ဘစ်ဇာတွင် သူငယ်ချင်းများနှင့်အတူ ဂျေဆန်မပါဘဲ သွားရောက် အပန်းဖြေခဲ့သလို GQ၏ Man of the Year ဆုပေးပွဲကိုလည်း တစ်ကိုယ်တည်း တက်ရောက်ခဲ့သည့်နောက် ယင်းတို့နှစ်ဦးကြား ဆက်ဆံရေး ပျက်စီးသွားပြီဟု ခန့်မှန်းသတင်းများ အားကောင်းခဲ့ခြင်း ဖြစ်သည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ