လက်သည်းဖျက်ဆေးနဲ့ လက်သည်းကျန်းမာရေး

လက်သည်းဖျက်ဆေး မသုံးဘူး တဲ့ မိန်းကလေးကတော့ ခုခေတ်မှာ မရှိသလောက်ပါဘဲ။ လက်သည်းဖျက် ဆေးသုံးပြီးရင် လက်သည်းတွေ ခြောက်သွေ့၊ဖြူပြီး ကျန် ခဲ့တတ်လား။ ကျန်ခဲ့တယ်ဆိုရင်တော့ သင်သုံး နေတာ acetone ပါဝင်တဲ့ လက် သည်းဖျက်ဆေးပါပဲ။ Acetone ပါဝင်တဲ့ လက်သည်းဖျက်ဆေးက ကောင်းလား၊ ကောင်းလားလို့ မေး ရင်တော့ ကောင်းကျိုးဆိုးကျိုး နှစ်မျိုး စလုံး ရှိတယ်လို့ပဲဖြေရပါမယ်။

ကောင်းတာက - acetone ပါတဲ့ လက်သည်းဖျက်ဆေးတွေက လက် သည်းဆိုးဆေးအရောင်ရင့်ကြီးတွေ ကိုတောင် အလွယ်တကူဖျက်ပေး နိုင်ပါတယ်။ အကြိမ်များစွာ ပွတ်ဖျက် စရာမလိုဘဲ တစ်ခါ နှစ်ခါ တိုက်ပွတ်ရုံ နဲ့လက်သည်းဆိုးဆေး အရောင်ရင့် ကြီးတွေကို အလွယ်တ ကူပျက်စေနိုင် ပါတယ်။ တစ်ခါသုံးလျှင် နည်းနည်းပဲ သုံးရတဲ့အတွက် ကာလကြာရှည်သုံး နိုင်ပါတယ်။ လက်သည်းတုတွေ တပ် ဆင်ရာမှာလည်း ယင်းက ပိုမိုအဆင် ပြေစေပါတယ်။

ဆိုးတာက - acetone လက်သည်း ဖျက်ဆေးက နည်းနည်းပြင်းတဲ့အ တွက် လက်သည်းပေါ်မှာရှိတဲ့သဘာ ဝအဆီတွေကို ဖယ်ရှားပစ်ပြီး လက် သည်းကို ခြောက်သွေ့စေပါတယ်။ လက်သည်းပေါ်မှာ အဖြူရောင်တွေ ကျန်စေတဲ့အတွက် မဖြစ်မနေ လက် သည်းနောက်တစ်ကြိမ်ဆိုးပြီး ဖုံးပေး ရပါတယ်။ လက်သည်းကို ခြောက် သွေ့ပြီး ကျိုးလွယ်စေပါတယ်။

Acetone မပါတဲ့လက်သည်းဖျက် ဆေးတွေ သုံးရင်ရော

ကောင်းတာက - acetone လို မပြင်းတဲ့အတွက် ဆိုးကျိုးနည်းပါ တယ်။ ပန်းရောင်၊အဖြူစတဲ့ အရောင် နုလေးတွေကို ဖျက်ရာမှာ အသုံးဝင် ပါတယ်။ လက်သည်းကို ခြောက်သွေ့ မနေစေပါဘူး။
ဆိုးတာက- အရောင်ရင့်တွေကို မဖျက်ပေးနိုင်ပါဘူး။ လက်သည်း ဖျက်ရာမှာ အကြိမ်ကြိမ် ပွတ်ပစ်မှ လက်သည်းဆိုးဆေး ပျက်လေ့ရှိပါ တယ်။

ဘာရွေးကြမလဲ။

Acetone ပါတဲ့လက်သည်း ဖျက်ဆေးက နည်းနည်းပြင်းပေမယ့် လက်သည်း ဖျက်ရာမှာ တကယ် အသုံးဝင်ပါတယ် ။ ပြီးတော့ ယင်းက သင့်ရဲ့အရေပြားနဲ့ လက်သည်းပေါ် မှာ အချိန်အကြာကြီးနေမှာလည်း မဟုတ်ပါဘူး။ ဒါကြောင့် acetone ကို လက်သည်း အရောင်ရင့်တွေ ဖျက်ရာမှာသုံးနိုင်ပါတယ်။ လက် သည်းကို မခြောက်စေချင်ရင်တော့ လက်သည်းမဖျက်မီမှာ သံလွင်ဆီနဲ့ လိမ်းပေးထားသင့်ပါတယ်။ ဒါဆိုရင် တော့ လက်သည်း ဖျက်ဆေးကြောင့် လက်သည်းခြောက်တာ၊ ကျိုးတာကို သက်သာစေပါတယ်။

မိုင်ကိ
ref:Medindia

Health Updates Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ